Main menu

Background

ချင်းရွှေဟော်ရော မြဝတီမှပါနှမ်းတင်ပို့

Wed, 10/05/2016 - 13:35 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၀၁ သန်း တန်ဖိုးရှိ နှမ်းဖြူ ၆၀၆ တန်ကျော်နဲ့ နှမ်း နက် ၂၅၅၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် တစ် ပတ်က ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၂၈၂၄ တန်ကျော် တင်ပို့ခဲ့လို့   ယခုသီတင်းပတ်မှာ နှမ်း ၃၄၁ တန် ကျော်ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းညို တင်ပို့မှု မရှိခဲ့ပါဘူး။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ေ ရးဇုန်မှ အမေရိကန်ဒေါ်လာ ၄၂၀၀၀ တန်ဖိုးရှိ နှမ်းနက် ၂၈ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ၃၁ တန်ကျော် တင်ပို့ ခဲ့တာမို့ မြဝတီမှလည်း ယခုတစ်ပတ်မှာ  နှမ်းပိုမိုတင်ပို့ခဲ့ပါ တယ်။ မူဆယ်ကုန်စည်ဒိုင်မှာ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း နှမ်းဖြူ  တစ်တန်ဈေး ၈၀၃၆၇၀ ကျပ်၊ နှမ်းနက် တစ်တန်ဈေး ၂၃၆၃၃၀၃ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

မော်မော်အောင်