Main menu

Background

ပင်လယ်ရေကြောင်းမှ အဝင်မရှိဘဲ တာချီလိတ်စခန်းမှ ဒီဇယ်တစ်မျိုးတည်းသာဝင်

Tue, 10/11/2016 - 13:08 -- journal_editor

       စက်တင်ဘာ ၂၅ ရက်မှအောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ပင်လယ် ရေကြောင်းလမ်းမှ ဒီဇယ်၊ဓာတ်ဆီတင်သွင်းမှုနားခဲ့တယ်လို့ သိရပါတယ်။ လချုပ် အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဒီဇယ်စုစုပေါင်း ၁၅၁၀၀ တန်ကျော်ရှိ ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၂၆၀ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ဒီဇယ်အဝင် လျော့ခဲ့ပါတယ်။ ထို့အတူ  သြဂုတ်လအတွင်းက ဓာတ်ဆီအဝင် စုစု ပေါင်းမှာ ၁၀၄၀ ကျော်ရှိပြီး စက်တင်ဘာ လမှာ အဝင်တန်ချိန်  ၈၈၀ ကျော် ဝင်ခဲ့ တာကြောင့် စက်တင်ဘာလမှာ ဓာတ်ဆီလည်း  အဝင်လျော့ခဲ့ပါ တယ်။ ဒီတစ်ပတ် နယ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှသာ  ကန်ဒေါ်လာ ၃၀၈၃၃၀ တန်ဖိုးရှိ ဒီဇယ် ၆၃၆ တန်သာ ဝင် လာခဲ့တယ်လို့သိရပါတယ်။
          ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက် တိန်း (92)နဲ့ အောက်တိန်း(95)မှာ ဈေး နည်းနည်းမြင့်လာတယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၅၉၀ ကျပ်၊အောက်တိန်း (92) ၆၀၀ ကျပ်၊အောက်တိန်း (95) ၆၆၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၂၀ ကျပ်နဲ့ အရောင်းအဝယ်ြ ဖစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ အောက်တိုဘာလ ၃ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၁၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ဝယ်ဈေး ၂၀၀၀ကျပ် ရောင်းဈေး၁၀၀၀ ကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ အောက်တိုဘာ ၃ ရက်တွင် ဝယ်ဈေး ၁၂၅၀၀၀ကျပ်၊ ရောင်းဈေး ၁၂၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ြ ဖစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဓာတ်ဆီဈေးငြိမ်နေ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီတစ်ဂါလန်၂၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
         မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်  ဓာတ်ဆီဈေးငြိမ်နေသော်လည်း ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။  ပုဂ္ဂလိ က စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၈၀ကျပ်၊ အဆင့်မြင့်ဒီဇယ် ၆၀၀ကျပ်၊ အောက်တိန်း (92) ၆၀၀ကျပ်နဲ့ ရောင်းချနေ ပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အေ ရာင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ အောက်တိုဘာ၃ ရက် မှာ ဒီဇယ် ဝယ်ဈေး ၁၁၆၀၀၀ ကျပ်၊ရောင်းဈေး ၁၁၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ဝယ်ဈေး ၁၂၂၀၀၀ ကျပ်၊  ရောင်းဈေး ၁၂၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ အောက်တိုဘာ ၃ ရက်တွင် ဝယ်ဈေး ၁၂၈၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင်  ဝယ်ဈေး ၁၃၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၃၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များတွင် တစ်ဂါလန် ဈေးမှာဒီဇယ် ၂၆၀၀ကျပ်၊ ဓာတ်ဆီ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
       မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့  ဈေး များမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်၂၆၅၅ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၆၅၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ ကျပ်၊ ဒီဇယ်တစ်ဂါ လန် ၂၇၀၀ ကျပ်၊  အောက်တိန်း တစ်ဂါလန် ၂၇၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ဒီဇယ်မှာ ဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ တစ်ဂါလန်ဈေးနှုန်းများမှာ  ဓာတ်ဆီတစ်ဂါလန် ၂၇၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၂၉၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။

 

MIRT-DOT