Main menu

Background

မူဆယ်မြို့ တွင် (၁၆) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်

Fri, 10/14/2016 - 12:55 -- journal_editor

         ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်အရ (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ  (မူဆယ်) နှင့် (၁၂) ကြိမ်မြောက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ New Star Light Con-struction Co.,Ltd တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်မည်ဖြစ် ပါသည်။
         အဆိုပါကုန်စည်ပြပွဲကို ၂၀၀၁ခုနှစ်မှစ၍ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့နှင့် ကျယ်ဂေါင်မြို့များတွင် အလှည့်ကျကျင်းပခဲ့ရာ ကျယ်ဂေါင်မြို့ တွင် (၁၅) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါ သည်။ ယခုနှစ် ကုန်စည်ပြပွဲကာလအတွင်း မြန်မာ- တရုတ် နှစ်နိုင်ငံအစည်းအဝေး၊ မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေးဌာနများ တွေ့ဆုံဆွေးနွေးခြင်း၊ ကုန်သွယ်မှု စာချုပ်ချုပ်ဆိုခြင်း၊  မြန်မာ- တရုတ်ကုန်သွယ်မှု အစည်း အေ ဝး ပြုလုပ်ခြင်း၊ မြန်မာ-တရုတ် အနုပညာ ဖလှယ်ခြင်း အစီအစဉ်များ၊ နှစ် (၆၀) ပြည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အထိမ်းအမှတ်အခမ်းအနားများ ပျော်ပွဲရွှင်ပွဲများပါဝင်ပါသည်။ အဆိုပါပြပွဲတွင် ၃မီတာ ပတ်လ ည်ရှိ  ပြခန်းပေါင်း ၂၀၀ကျော်ဖြင့် ခင်းကျင်း ပြသမည်ဖြစ်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လုပ်ငန်းရှင်များအတွက် ပြခန်း ၁၅၀ ကျော်ခန့်၊ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအတွက် ပြခန်း ၅၀ ခန့် ပြသရန် စီစဉ်လျက်ရှိပါသည်။ မြန် မာနိုင်ငံမှ ပြသမည့် ပြခန်း ၅၀ခန့်အား အသင်းအဖွဲ့၊ ကုမ္ပဏီများအတွက် ပြသ ပေးရန် စီစဉ်ထားပါသည်။
        လုပ်ငန်းရှင်များအနေဖြင့် ပြခန်းပြသလိုပါက မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုး ရေးဌာနခွဲ ဖုန်းအမှတ် ၀၆၇-၄၃၀၄၄၆၊ ၀၆၇- ၄၃၀၄၄၇ Fax ၀၆၇-၄၃၀၁၂၈ သို့ လည်းကောင်း၊ Myanmar Trade Center (Yangon) ဖုန်းအမှတ် ၀၁-၂၅၄၀၂၄ ၊ Fax : ၀၁-၂၅၄၀၂၃၊  Email:tradecenter.myanmar @gmail.com,itpic.moc@gmail.com သို့လည်းကောင်း၊ UMFCCIအသင်းချုပ်ကုန်စည်ပြပွဲဌာန ဖုန်းအမှတ် ၀၁-၂၁၄၃၄၄ မှ ၂၁၄၃၄၇သို့လည်းကောင်း၊ New Star Light Con-struction Co.,Ltd. ဖုန်းအမှတ် ၀၈၂-၅၂၇၅၄/၅၂၇၀၉/ ၀၉- ၂၀၂၇၄၀၂ သို့ လည်းကောင်း ဆက်သွယ်စုံစမ်း မေး မြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

 

ဝင်းသန်းကျော် (Myantrade)