Main menu

Background

နို့ဆီတန်ချိန်၂၅၀ နီးပါးနဲ့နို့မှုန့်တန်ချိန် ၄၀ ကျော်ဝင်

Tue, 10/25/2016 - 10:15 -- journal_editor

         အောက်တိုဘာ ၉ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၈၀ဝ၂ တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၃၄၆ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ Falcon တံဆိပ်  သု ည ဒသမ ဝ၃၆ တန်နဲ့ ဒွန်းနို့ဆီ ၂၄၈ ဒသမ ၄၀ တန်  တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝင်ရောက်ခဲ့တဲ့ ၁၄၆ တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၁၈၈၅၀ တန်ဖိုး ရှိ နို့မှုန့် ၂၂ ဒသမ ၄၄ တန်ကို ဩစတြေးလျမှ လည်းကောင်း၊ ကန်ဒေါ်လာ ၂၃၇၃၇ တန်ဖိုးရှိ နို့မှုန့် ၈ ဒသမ ၄၇၄ တန်ကို မွန်ဂိုလီးယားမှလည်းကောင်း၊ ကန်ဒေါ်လာ ၁၀၆၀ဝ၂ တန်ဖိုးရှိ နို့မှုန့် ၁၁ ဒသမ ၇၀ တန်ကို မလေး ရှားနိုင်ငံမှ လည်းကောင်း တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် စုစုပေါင်းတင်သွင်းတန်ချိန်မှာ  ၄၂ ဒသမ ၆၁၄ တန် ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုမှာ ၁၈၅ တန်ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်တင် သွင်းမှုနဲ့ နှိုင်း ယှဉ်ရင် တန်ချိန် ၁၄၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။နယ်စပ်စခန်းဖြစ်တဲ့ မြဝတီကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၇၃၈ တန်ဖိုးရှိ နို့ဆီ ၇ ဒသမ ၇၅ တန်ကို တင် သွင်းခဲ့တယ်လို့ သိရပါ တယ်။

 

သီတာဝင်း (DOT)