Main menu

Background

ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်ရှိ

Wed, 10/26/2016 - 12:52 -- journal_editor

         ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၇၃၂ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၉၈ ဒသမ ၂၉၆ သန်း ရရှိအောင်ဆောင်ရွက်နိုင်တဲ့အတွက် စုစုေ ပါင်း ကုန်သွယ်မှု ပမာဏမှာအမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ဝ၂၈ သန်းရှိခဲ့ပါတယ်။ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၅၆၄ သန်းဖြစ်ပြီး ထိုသို့လိုငွေပြရခြင်းမှာ ချုပ်ပြီးအဝတ်အထည်နဲ့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုလျော့နည်းခဲ့တာကြောင့် ဖြစ်ပါတယ်။ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀၇ ဒသမ ဝ၄၁ သန်းဖိုးတင်ပို့ပြီး သွင်းကုန် အမေ ရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၂၈ သန်း ဖိုး တင်သွင်းခဲ့တဲ့အတွက် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၃၈၇ သန်း ဖြစ်ပါတယ်။ ကုန် ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၆၉၁ သန်း၊ သွင်းကုန် တင်သွင်းနိုင်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၈၆၈သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၇၇ သန်းဖြစ်ပါတယ်။ ဒါကြောင့်ကုန်သွယ်မှုကဏ္ဍတစ်ရပ်လုံးအနေနဲ့ ကုန်သွယ်မှုလိုငွေမှာ ၁၃၃ ဒသမ ၅၆၄ သန်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၅၂ ဒသမ ၃၉၂ သန်း၊ ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တန်ဖိုး အမေရိကန်ေ ဒါ်လာ ၂၃၂၂ ဒသမ ၇၇၆ သန်း စုစုပေါင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၀၇၅ ဒသမ ၁၆၈ သန်းဖြစ်ပါတယ်။ သွင်းကုန်တင်သွင်းမှုအနေနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆၅၀၂ ဒသမ ၉၀၄ သ န်း၊ ကုန်သွယ်ရေးစခန်းများမှ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၄၆၇ ဒသမ ၅၂၄ သန်း စုစုပေါင်းသွင်းကုန် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၉၇၀ ဒသမ ၄၂၈ သန်း ဖြစ်ပါတယ်။ ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု နှစ်ရပ်လုံး ရဲ့ စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀၄၅ ဒသမ ၅၉၆ သန်း ဖြစ်ပါတယ်။

 

ယဉ်ယဉ်အေး