Main menu

Background

အခြားနယ်များမှ အဆွဲသန်လို့ ပြည်ပွဲရုံသို့ ဝင်ရောက်တဲ့ ကြက်သွန်ဖြူ ဈေးမြင့်

Tue, 11/08/2016 - 14:47 -- journal_editor

         ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်မှာ ကြက်သွန်ဖြူအိတ်တွေ ပုံမှန်အဝင်ရှိပြီး ဈေးအနည်းငယ်ကျလာခဲ့ပေမယ့် ယခုနိုဝင်ဘာပထမပတ်ထဲမှာတော့ ကြက်သွန်ဖြူဈေးမြင့် တက်ကာ  အရောင်းအဝယ်ပြန်အေးသွား တာတွေ့ရပါ တယ်။ ယခုနှစ်အတွင်း စားဖိုဆောင်သီးနှံတွေ ဈေးနှုန်းတည်ငြိမ်မှုမရှိသလို ဈေးကစားတာ တွေလည်းဖြစ်ပေါ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စုံတို့မှ ဝယ်လိုအား အလျော့၊အတင်းပေါ်မူတည်ပြီးမှ ဝင်ေ ရာက်မှုရှိတာကြောင့် ဈေးကွက်မငြိမ်တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း တရုတ်ငွေေ ကြးဈေး မကိုက်မှုနှင့် ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံတို့ဘက်မှ အဆွဲများနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (ပြည်ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြူကုတ်စ) ကျပ် ၄၇၀ဝ၊ (လက်လီ) ကျပ် ၅၂၀ဝ တို့ဖြစ်ပြီး (ရှမ်းစ) တစ်ပိဿာ(ပွဲရုံဈေး) ကျပ် ၄၃၀ဝ၊ (လက်လီ) ကျပ် ၄၆၀ဝ ဈေးတို့ ဖြစ်ပါတယ်။ ကြက်သွန်ဖြူတစ်ပိဿာပေါ်တွင် ရက်သတ္တပတ်အတွင်း ကျပ် ၅၀ဝ ေ ဈးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အနေနဲ့ အေးလာတာတွေ့ရပါတယ်။

 

နီနီဝင်း