Main menu

Background

တရုတ်နဲ့ ထိုင်းနယ်စပ်မှ နှမ်းတင်ပို့

Fri, 12/02/2016 - 14:49 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ နိုဝင်ဘာ  ၁၂ ရက်မှ  ၁၈ ရက်အထိ သီတင်းပတ် အတွင်း  အမေရိကန်ဒေါ်လာ ၁၉၅၆၀ တန်ဖိုးရှိ နှမ်းဖြူ ၁၄ တန်ခွဲနဲ့ နှမ်းညိုလေးတန်နီးပါး၊ စုစုပေါင်း  ၁၉ တန်နီးပါး တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က နှမ်းနက် ၁၆ တန်သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ နှမ်းနှစ်တန်ခွဲပိုမိုတင်ပို့ခဲ့ပါတယ်။
        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကတော့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၃၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၂၇၂ တန်ခွဲတင်ပို့ခဲ့ရာ  တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တွေကတော့ နှမ်းဖြူ ၃၃၆ တန်ကျော်၊ နှမ်းနက် ၁၉၃၂ တန်ကျော် နဲ့ နှမ်းညို သုံးတန် ခွဲဖြစ်ပါတယ်။ ချင်းရွှေဟော်မှ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ နှမ်း ၂၄၁၂ တန်ကျော်နဲ့ နှိုင်းယှဉ်ရင် တန် ၁၄၀ ခန့်လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ယခင် တစ်ပတ်မှာ နှမ်းတင်ပို့မှုမရှိဘဲ ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာ ၅၂၅ တန်ဖိုးရှိ နှမ်းနက် တစ်တန်နီးပါး တင်ပို့ခဲ့ပါ တယ်။
         အောက်တိုဘာလဆန်းပိုင်းက နှမ်းနက် (စမုံ) သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ဝန်းကျင်မှ နိုဝင်ဘာလဆန်းပိုင်းမှာ ကျပ်တစ်သိန်းငါးထောင်မှ ကျပ်တစ်သိန်းခြောက်သောင်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း၊ နှ စ်စဉ်ပြည်ပသို့ နှမ်းမျိုးစုံတန်ချိန်တစ်သိန်းကျော်သာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ တွင် တန်ချိန် တစ်သိန်းခွဲကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း၊  ယခုနှစ်အတွင်း တန်ချိန် တစ်သိန်းခွဲနီးပါးတင်ပို့ နိုင်ရန် ရည်မှန်းထားကြော င်း မြန်မာနိုင်ငံ နှမ်းမျိုးစုံနှင့်နှမ်းကုန် သည်များအသင်းမှသိရပါတယ်။

 

မော်မော်အောင်