Main menu

Background

မောင်တောကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာကုန်သွယ်မှုလျာထားချက်အပေါ် ၁၃ ရာခိုင်နှုန်းကျော်သာ ဆောင်ရွက်နိုင်

Fri, 12/16/2016 - 13:41 -- journal_editor

     ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး၊ သွင်းကုန် ဆောင်ရွက်မှုမရှိခဲ့တဲ့အတွက် နိုဝင်ဘာ လကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာသုညဒသမ ၄၀၀ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန် ဒေါ် လာ သုညဒသမ ၃၈၈ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်း လျော့နည်းခဲ့ပါသည်။
      ၂၀၁၆ အောက်တိုဘာနှင့် နှိုင်းယှဉ်ပါက ရေထွက် ကုန်ဖြစ်သော ရေငန်ပုဇွန်၊ ငါးစုံလေးခြောက်၊ ငါးနီတူ ခြောက်တင်ပို့နိုင်ခဲ့သော်လည်း နိုဝင် ဘာ ၄ ရက်မှစပြီး နယ်မြေမတည်ငြိမ်မှုကြောင့် အနီးစပ်ဆုံးကာလတူထက် အေ မရိကန်ဒေါ်လာ သုညဒသမ ၅၆၈ သန်းလျော့နည်း ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၆ နိုဝင်ဘာနှင့် အောက်တိုဘာမှာ သွင်းကုန်တင်သွင်းမှု မရှိပါ။ မောင်တော ကုန်သွယ်ရေးစခန်း မှ အဓိက တင်ပို့ သော ပို့ကုန်ပစ္စည်းများ မှာ ရေထွက်၊ လယ်ယာထွက်၊ သစ်တော ထွက်နှင့် စက်မှုကုန်ချောပစ္စည်းအုပ်စု များဖြစ် ပြီး အဓိက တင်သွင်းသော သွင်းကုန်ပစ္စည်းအုပ်စုမှာ လူသုံးကုန် ပစ္စည်းများသာ ဖြစ်ပါသည်။
        ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏကို လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် အဓိကပို့ကုန်ဖြစ်သော ရေငန်ပုဇွန်၊ငါးသလောက်၊ ငါးမြစ်ချင်းနှင့် ငါးခြောက်မျိုးစုံ၊ ဝါးကြီး၊ ဝါးသေး၊ ကြိမ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ လဲမှို့၊ နနွင်း တက် အစရှိသောပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန်လည်းကောင်း၊ မိမိဒေသရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ မိတ်ဖက်ဌာနများ၊ ကုန်သည်လုပ်ငန်း ရှင်များ၊ ဥှ ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မောင်တောကုန်သွယ်ရေး စခန်းမှ  သတင်းရရှိပါသည်။

 

မော်မော်အောင်