Main menu

Background

တရုတ်သို့ သကြားတင်ပို့မှုလျော့နည်း ထိုင်းမှ သကြားပိုမိုတင်သွင်း

Fri, 12/16/2016 - 13:55 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈၄၀၀၀ တန်ဖိုးရှိ သကြားဖြူ တန် ၁၄၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က Re-export သ ကြား ၃၈၇ တန်ခွဲ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် တရုတ်နိုင်ငံသို့ သကြားတန် ၂၀၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၆၃ သန်းတန်ဖိုး ရှိ Re - export  သကြား ၁၀၈၄၁တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၁၀၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံမှ သကြားတန်ချိန် ၆၇၄၀ လျော့နည်းတင်သွင်းခဲ့ကြောင်းသိရပါတယ်။ ပြည်ပက တင်သွင်းတယ်ဆိုတာ ပြည်တွင်းလိုအပ်ချက်အရဖြစ်ပြီး သကြားရဲ့အရည်အသွေးကလည်းကွာပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် တန် ၁၅၀၀နဲ့အထက် သကြားစက်ရုံ၂၂ရုံရှိပြီး မန္တလေးတိုင်းအတွင်း တန်၁၅၀၀ အောက် သကြား စက်ရုံပေါင်း ၇၀မှာ ၁၀ ရုံခန့်သာ လည်ပတ်လုပ်ကိုင် လျက်ရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်များအရ သိရပါတယ်။

 

မော်မော်အောင်