Main menu

Background

ရော်ဘာဈေးမြင့်တက်လာပြီး ဝယ်လိုအားများလာ

Fri, 12/16/2016 - 14:09 -- journal_editor

      နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ် အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၂၃ တန် ခန့် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေး ဇုန် မှ RSS5 တန်၂၀၀ နဲ့ MSR 20 ၅၇ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS 3၂တန်နဲ့ RSS 5၁၇၄တန်ကျော် တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး တန် ၅၄၀ နဲ့  MSR ၁၀တန်၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၁၀၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ၁၀ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ  ၇၆၈၆ တန်ကျော်  တင်ပို့ထားပြီး အနီးစပ်ဆုံး အောက်တိုဘာက တန် ၄၃၅၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အ တွက် ယခုလမှာ ၃၃၃၆တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါ တယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေးမှာ RSS3 တစ်တန်ကို ကျပ် ၁၉၂၀၀၀၀ရှိပြီး ယခင်တစ်ပတ်က ကျပ် ၁၆၄၄၃၀၀သာရှိတဲ့အတွက်တစ်တန်ကို ကျပ် ၂၇၅၇၀၀ ဈေးတက်လာတာတွေ့ရပါတယ်။
        ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၈၆၆သန်းတန်ဖိုးရှိ ရော်ဘာ၆၈၆တန်ခန့်တင်ပို့ ခဲ့ရာ မလေးရှားနိုင်ငံသို့ MSR 20 ၂၃၁ တန်နဲ့ RSS 3 တန် ၆၀၊ ဂျပန်နိုင်ငံသို့ MSR 20 ၂၉၄ တန်၊ ကိုရီးယားနိုင်ငံသို့ MSR 20, TSP 20 ၁၀၁တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ် တင်ပို့မှုထက် ၅၄၁တန် ပိုမိုတင်ပို့နိုင်ပြီး  နိုဝင်ဘာလ တစ်လ လုံးမှာ အမေရိကန်ေ ဒါ်လာ ၄ ဒသမ ၀၇၁ သန်း  တန်ဖိုးရှိ ရော်ဘာ ၃၁၈၇တန် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး အောက် တိုဘာလ တင်ပို့မှုထက် ၂၂၈၁ တန်လျော့နည်းခဲ့သော်လည်း ယမန်နှစ် ကာလတူ တင်ပို့မှုထက် တန် ၆၈၀ ပိုမိုတင်ပို့နိုင် ခဲ့ပါ တယ်။
        ယခုတစ်ပတ် နိုင်ငံတကာ ရော်ဘာဈေးမှာယခင်တစ် ပတ်ထက် တစ်တန် ကို ဒေါ်လာ ၂၀၀ ကျော် ဈေးတက်လာပြီး ပြည်ပပို့မယ့် မြန်မာ့ရော်ဘာဈေးမှာလည်း တစ်တန်လျှင် ဒေါ်လာ  ၂၀၀ ဈေးတက်လာကြောင်း မြန်မာနို င်ငံရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်းရဲ့ထုတ်ပြန်ချက်အရ သိရှိရပါ တယ်။ RSS 1 တစ်တန်လျှင် ဒေါ်လာ၁၇၀၀-၁၈၀၀၊ RSS2 တစ်တန်လျှင် ဒေါ်လာ ၁၆၅၀-၁၇၀၀၊ RSS 3 တစ်တန် လျှင် ဒေါ်လာ ၁၆၀၀-၁၇၀၀၊ RSS 4 တစ်တန်လျှင် ဒေါ်လာ ၁၅၅၀-၁၆၅၀၊ RSS 5 တစ်တန်လျှင်ဒေါ်လာ၁၅၀၀-၁၆၀၀၊ MSR 3Lတစ်တန်လျှင် ဒေါ်လာ ၁၈၅၀-၁၉၅၀ ၊MSR 10 တစ်တန်လျှင် ဒေါ်လာ၁၆၀၀-၁၇၀၀၊ MSR 20တစ်တန်လျှင် ဒေါ်လာ ၁၅၅၀- ၁၆ ၅၀ ၊ MSR 50 တစ်တန်လျှင်ဒေါ်လာ  ၁၄၅၀-၁၅၅၀၊ Crepe Rubbe တစ်တန်လျှင် ဒေါ်လာ  ၁၄၀၀-၁၅၀၀ တို့ဖြစ်သည်။

 

ယဉ်ယဉ်အေး