Main menu

Background

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အာဖရိကနိုင်ငံများသို့ ဆန်ရော ဆန်ကွဲပါ တန်ချိန်အများအပြား တင်ပို့နိုင်

Fri, 12/30/2016 - 10:04 -- journal_editor

       ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းတစ်ပတ် အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၈ဒသမ ၆၉၈ သန်း တန်ဖိုးရှိ ဆန် တန်၂၅၃၀၀ တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွ ယ်ရေးဇုန်မှ ငစိန်ဆန် ၂၀၅၀ တန်နဲ့ ဧည့်မထဆန် ၁၅၆၇၄ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၈၃ တန် ကျော်နဲ့ဧည့်မထဆန် ၆၁၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ငစိန်ဆန် ၆၈၇၄ တန် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ဆန် ၂၅၂၈၂တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၈တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု တစ်ပတ်မှာ အမေရိကန်ဒေါ်လာသုညဒသမ ၆၇၅သန်း တန်ဖိုးရှိ ဆန်ကွဲ၂၃၂၈ တန်ကို မူဆယ်မှ ၁၃၁၇ တန်နဲ့ လွယ်ဂျယ်မှ ၁၀၁၁ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၂၂၈၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၄၇တန် ပိုမို  တင်ပို့နိုင်ခဲ့ပါတယ်။ ကုန်သွယ်ရေးစခန်းများမှ ဆန်ရော ဆန်ကွဲပါ ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။
         ဒီဇင်ဘာ ၁၁ရက်မှ ၁၇ရက်အထိ သီတင်းတစ်ပတ်အတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အာရှ၊ ဥရောပနဲ့ အာဖရိက နိုင်ငံများကို အမေရိကန် ဒေါ်လာ၃ ဒသမ ၆၂၆ သန်း တန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၂၅၁၈ တ န်ကျော်တင်ပို့ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာအာဖရိကနိုင်ငံများကို ဈေး ကွက်ချဲ့ထွင်နိုင်ပြီး တန်ချိန်အများအပြားတင်ပို့နိုင်ခဲ့ပါတယ်။ အာဆီယံ ဒေသတွင်းနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကို ဧည့်မထဆန် တန်၇၅၀နဲ့ စင်ကာပူနိုင်ငံကို ေ ပါ်ဆန်း ၁၅မှတ် ဆန် ၂၄တန်၊ ရုရှားနိုင်ငံကို ဧည့်မထဆန် တန် ၂၀၀၊ အီးယူနိုင်ငံများကို ဧည့်မထဆန် ၁၆၉ တန်ကျော်နဲ့ ပေါင်းဆန် ၃၇၅ တန် တင်ပို့ ပြီး အာဖရိက နိုင်ငံများဖြစ်တဲ့ ဂီနီယာနိုင်ငံသို့ ဧည့်မထဆန် တန် ၆၅၀၀၊ တို ဂိုနိုင်ငံသို့ ဧည့်မထဆန် တန်၄၀၀၀ တင်ပို့ခဲ့ရာ အာဖရိနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၁၁၀၀၀ ဖြစ်ပါတယ်။ အာဖရိကသို့ ဈေးကွက်ရရှိပြီး ဝယ်လိုအားလည်း ပိုမို ရလာတာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ ယခင်တစ်ပတ်က ဆန်တန်ချိန် ၅၆၈၁ သာ တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၆၈၃၇တန် ပိုမို တင်ပို့နိုင်ကြောင်း သိရှိရပါတယ်။
          ဆန်အပြင် အမေရိကန်ဒေါ်လာ ၈ဒသမ ၇၆၅သန်း တန်ဖိုးရှိ ဆန်ကွဲ ၃၂၀၇၅ တန်ကို အလားတူ နိုင်ငံများသို့ တင်ပို့ရာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲ တန် ၂၅၀၊ စင်ကာပူ နိုင်ငံသို့ ၇၅တန်၊ အီးယူနိုင်ငံများသို့ ၅၂၅၀ တန်၊ အာဖရိက နိုင်ငံများသို့ ဆန်ကွဲတန် ၂၆၅၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၁၁၀၀၀ သာ တင်ပို့ ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၂၁၀၇၅ တန် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ေ ရာ ဆန်ကွဲပါ ပိုမိုတင်ပို့ပြီး အာဖရိကနိုင်ငံများသို့ အပို့များခဲ့တာ တွေ့ရပါ တယ်။

 

ယဉ်ယဉ်အေး