Main menu

Background

မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရော တန်ဖိုးပါ လျော့နည်းတင်ပို့

Fri, 12/30/2016 - 10:49 -- journal_editor

        မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ဒသမ ၅၂၃ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၁၈၇၁ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က အမေရိကန်ဒေါ်လာ ၂ဒသမ ၇၇၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၉၈၃ တန်ကျော်တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာသုညဒသမ ၂၅၁ သန်း၊ တန်ချိန် အားဖြင့် ၁၁၂ တန်ကျော် လျော့နည်း တင်ပို့ခဲ့ ပါတယ်။ ယခုတစ်ပတ်မှာ ငါးလေးခြောက်၊ ကဏန်း၊ ငါးပူတင်းအရေခွံခြောက်၊ ငါးလိပ်ကျောက် အရေခွံခြောက်၊ ငါးမြစ်ချင်းစီဖောင်းနဲ့ ပုစွန်ခြောက် (အသေး) ပိုမို တင်ပို့နိုင်ခဲ့သော်လည်း ငါးခြောက်၊ ငါးရှဉ့်၊ ငါးစီဖောင်း၊ ငါးကြင်း စီဖောင်း၊ ငါး ဆားနယ်၊ ပုစွန်ခြောက်မှုန့်၊ ပုစွန်ခြောက် (အကြီး)နဲ့ ကင်းမွန်ခြောက် တင်ပို့မှု လျော့နည်းခဲ့တာကြောင့် ရေထွက်ကုန်တင်ပို့မှု လျော့နည်းရတာဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံ ယွမ်ဈေးအနေဖြင့် ငါးရှဉ့် တစ်တန်လျှင် ယွမ် ၃၁၀၀၀၊ ကဏန်းတစ်တန်လျှင် ၅၂၀၄၈ ယွမ်ဈေးရရှိခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။

 

 မော်မော်အောင်