Main menu

Background

တရုတ်နိုင်ငံသို့ အင်ကြင်းကျောက် တန် ၃၀ နီးပါးတင်ပို့

Fri, 01/13/2017 - 14:43 -- journal_editor

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် အမေရိကန် ဒေါ်လာ သုညဒသမ ၁၂၃ သန်း တန်ဖိုး ရှိ အင်ကြင်းကျောက် ၂၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့ခြင်းမရှိဘဲ ဒီဇင်ဘာဒုတိယပတ် မှာ ၁၄ တန်ခွဲ တင်ပို့ခဲ့ကြောင်း၊ ဒီဇင် ဘာတစ်လလုံးမှာတော့ ၄၃ တန်နီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။အင်းကြင်းကျောက်သားဖြင့် ပုတီး၊ ဆွဲကြိုး၊ ဆွဲပြား၊ ဆွဲသီး၊ လက် စွပ်၊ လက်ကောက်နဲ့ တိရစ္ဆာန်အရုပ်များ ထုလုပ်ပြီး ဈေးကွက်တင်ရောင်းချခဲ့ရာ ယခုအခါ နိုင်ငံခြား သားများအတွက် ဟိုတယ်၊ မိုတယ်၊ အင်းတွေမှာ ကောင် တာဖွင့်ပြီး ရောင်းချပေးနေကြောင်း၊ အင်ကြင်းကျောက် အလှဆင် ပစ္စည်း တွေကို ကျန်းမာရေးစောင့်ရှောက်မှု အရ၊ ရိုးရာဆင်ယင်မှုအရ တရုတ်လူမျိုး တွေက ဝယ်ယူလေ့ရှိကြောင်း မြန်မာ နိုင်ငံ အင်ကြင်းကျောက် လုပ်ငန်းရှင် များအသင်းမှ သိရပါတယ်။
မော်မော်အောင်