Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာကုန်သွယ်မှု လျာထားချက်အပေါ် ၇၈ ရာခိုင်နှုန်းကျော်ဆောင်ရွက်နိုင်

Wed, 01/18/2017 - 15:10 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ၂၀၁၆ ဒီဇင်ဘာအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃၃၆ ဒသမ ၆၂၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၂၂၄ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၈၄၇ သန်း ဆောင်ရွက်ခဲ့ပြီး လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၆၁၂ သန်းဖြစ်သဖြင့် လျာထားချက်အပေါ် ၇၈ ဒသမ ၉၀ ရာခိုင် နှုန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။အနီးစပ် ဆုံးနိုဝင်ဘာနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၀၃၀ သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈၇၅ သန်း ပိုမိုဆောင်ရွက် နိုင်သဖြင့် ကုန်သွယ်မှုပမာဏတွင်လည်း အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၉၀၅ သန်း ပိုမိုခဲ့ကြောင်း တွေ့ရပါသည်။ ပို့ကုန် တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ စက်မှုကုန်ချော၊ သတ္တုတွင်းထွက်နှင့် အခြားပစ္စည်းအုပ်စုတို့ကို နိုဝင်ဘာလထက် ပိုမိုတင်ပို့ခဲ့ပြီး သစ်တော ထွက်နှင့် တိရစ္ဆာန် ထွက် ပစ္စည်းအုပ်စု တင်ပို့မှုလျော့နည်းခဲ့ကြောင်း သိရပါသည်။သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှု ပိုမိုခဲ့ သဖြင့် နိုဝင်ဘာလထက် သွင်းကုန်တင်သွင်းမှုလည်း ပိုမိုရခြင်း ဖြစ်ပါသည်။
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူလျင်မြန် ချောမွေ့စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး အတွက် ကုန်သွယ်ရေးဇုန်ပတ်ဝန်းကျင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများဖြင့် စနစ်တကျ ရှင်း လင်း ပြီး ဆောင်ရွက်နေကြောင်း၊ တရားမဝင်သယ်ယူမှုများ မရှိစေရေး အတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနအသီးသီးနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြား ပါသည်။
မော်မော်အောင်