Main menu

Background

ဓာတ်မြေသြဇာဈေးကွက် အရောင်းပုံမှန်ရှိ

Wed, 01/18/2017 - 15:19 -- journal_editor

ဇန်နဝါရီ ၁ ရက်မှ ၇ရက်အထိ  သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ မြေသြဇာတန်ချိန် ၃၆၅၀ကျော် အဝင်ရှိခဲ့ပြီး ယခင် သီတင်းပတ်က  တန်ချိန် ၅၀၂၀ ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၇၀ ကျော် တင်သွင်းမှုလျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခု တစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် ၁၃၈၄၀ ကျော်ရှိခဲ့ပြီး   ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၄၀၂၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၇၀ ကျော် အဝင်လျော့ ကျခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းရော နယ်စပ်လမ်းမှပါ မြေသြဇာ အဝင်လျော့ ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဆောင်းသီးနှံအတွက် အရောင်းအဝယ်လည်း အေး သွားတာကြောင့် ဈေးကွက်ထဲ အရောင်းအေးသလို ဈေးလည်းငြိမ်နေတယ်လို့ သိရ ပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ကျပ် ၂၁၈၀၀၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ကျပ်၃၅၂၀၀၊ ကွန်ပေါင်း (ပန်းရောင်) ကျပ်၃၀၀၀၀၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ် ၂၁၀၀၀၊  တီစူပါ  ၄၆% (သံကွင်း-တရုတ်) ကျပ်၂၀၀၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း ရရှိခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မြေသြဇာက နယ်ဘက်အမှာရှိလို့ ရောင်းရသလို  စိုက် ခင်းသမားတွေ အဝယ်ရှိတာကြောင့် အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် ဈေးငြိမ်နေတယ်လို့  သိရပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေး မှာ ယူရီးယား (နေရွက်လှေ-တရုတ်)ကျပ် ၂၂၀၀၀ ၊ ယူရီးယား ( ရွှေတောင်-တရုတ်) ကျပ်၂၂၀၀၀၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၁၉၈၀၀၊  ပိုတက်(အိန္ဒိယ) ကျပ် ၂၂၅၀၀၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ကျပ် ၃၇၅၀၀ ဈေးရှိတယ်လို့ မြေသြဇာ အရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ  ဒီတစ်ပတ်  အရောင်းပုံမှန်ရှိပြီးဈေးငြိမ်နေတယ် လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ(ကမ္ဘာလုံး-တရုတ်) ကျပ်၂၂၂၀၀ ၊ ယူရီးယား(ရွှေတောင်-တရုတ်) ကျပ် ၂၂၂၀၀၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၃၆၀၀၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၃၀၀၀ ၊ ပိုးသတ်ဆေး ကျပ် ၁၉၀၀၊ တီစူပါ ၁၅ ပတ်လည် (တရုတ်) ကျပ် ၃၆၅၀၀၊    တီစူပါ    ၁၀း၁၀း၅ (တရုတ်) ကျပ် ၁၆၀၀၀၊   ဓာတ်ဆား (တရုတ်) ကျပ် ၁၄၀၀၀၊   ပိုတက် (တရုတ်) ကျပ်  ၂၃၅၀၀၊  ယူရီးယား (ယူအေအီး) ကျပ် ၁၉၅၀၀၊ မြားကမ္ဘာ ကျပ် ၁၆၀၀၀ ဈေးနဲ့  အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်း သိရပါတယ်။
မန္တလေးဈေးကွက်မှာ  ဒီတစ်ပတ် နယ်ဘက်အဝယ်ရှိသလို  ရာသီ သီးနှံ စိုက်ခင်းများအတွက်   အဝယ်ရှိတာ ကြောင့်   အရောင်းအဝယ်   ပုံမှန်ရှိပေ မယ့် ဈေးကငြိမ်နေတယ်လို့   သိရပါ တယ်။ ဈေးကွက်ထဲယူရီးယားနဲ့ ပန်းသီး စုံက အဝယ်လိုက်တယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့    ဈေးမှာ ယူရီးယား  (ရွှေတောင်-တရုတ်) ကျပ် ၂၁၀၀၀၊ ယူရီးယား   (ပန်းဖူး-တရုတ်) ကျပ် ၂၈၀၀၀၊ တီစူပါ(ွှှဏ ၄၆%- တရုတ်) ကျပ် ၁၈၁၀၀၊  မြှားသီးစုံ ကျပ် ၁၄၂၀၀၊ ပန်းသီးစုံ ကျပ် ၁၄၅၀၀၊  ကွန် ပေါင်း   ၁၀း၁၀း၅ ကျပ်  ၁၄၂၀၀  နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့   သိရပါ တယ်။