Main menu

Background

ရော်ဘာပြည်တွင်းဈေးရော ပြည်ပဈေးပါ မြင့်တက်လာ

Thu, 02/09/2017 - 10:33 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၀၈ သန်းဖိုးရှိ ရော်ဘာ အဆင့်စုံ ၂၃၉၇ တန်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၁ ၄၁ တန်ကျော်၊ RSS 3  ၁၂၂၄ တန်ကျော်၊ RSS 5 တန် ၁၆၀ ၊ MSR 20 ၁၀၃ တန်ကျော်၊ MSR 50 ၉၅ တန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ျွှ၃ ၇၇၃ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ် တင် ပို့မှုထက် ၅၆၁ တန်ေ လျာ့နည်းခဲ့ပါတယ်။ ရော်ဘာအပို့လျော့ သော်လည်း မူဆယ်ကုန်စည်ဒိုင်မှ ထုတ်ပြန်တဲ့ ရော်ဘာ ဈေးအရ တစ်တန်ကို ကျပ် ၄၈၅၀၀၀ ဈေးတက်ကြောင်း သိရှိရပါတယ်။ RSS 3 တစ်တန်ကို ကျပ် ၂၆ ဒသမ ၁၉ သိန်းနဲ့ RSS 5  တစ်တန်ကို ကျပ် ၂၅ ဒသမ ၂၂၇ သိန်း ဈေးပေါက်ကြောင်း သိရှိရပါတယ်။
          ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၇ သန်းဖိုးရှိ ရော်ဘာ ၈၀၆ တန်ကို မလေးရှား၊ စင်ကာပူနဲ့ ကိုရီးယားနိုင်ငံများသို့ တင်ပို့ခဲ့ပါ တယ်။ မလေးရှားနိုင်ငံသို့ RSS 3  ၄၀၅ တန်၊ စင်ကာပူနိုင်ငံသို့ MSR 20 (TSR) ၉၉ တန်နဲ့ MSR10၂၀၁ တန်ကျော်၊ ကိုရီးယားနိုင်ငံသို့ MSR 20 (TSR) ၁၀၁ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ၁၁၉၈ တ န် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၂ တန် လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ နိုင်ငံတကာ ရော်ဘာပေါက်ဈေး တစ်တန်ကို ဒေါ်လာ ၃၅၀ ကျော် တက်လာကြောင်း သိရပါတယ်။ ဒါကြောင့် ပြည်ပပို့မယ့် မြန်မာေ ရာ်ဘာဈေး လည်း တစ်တန်ကို ဒေါ်လာ ၃၅၀ တိုးပြီး ဈေးနှုန်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး