Main menu

Background

မူဆယ်မှ သကြားပိုမိုတင်ပို့၊ မြဝတီမှ သကြားလျော့နည်းတင်သွင်း

Fri, 02/24/2017 - 11:06 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၂၃၉ သန်း တန်ဖိုးရှိ Re-export သကြား ၅၂၈၉၇ တန်ကျော် တင် ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၉၉၈၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သကြား ၁၂၉၁၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်မှ ယခင်တစ်ပတ်က သကြားတင်ပို့ခြင်း မရှိ ဘဲ ယခုတစ်ပတ်မှာတော့ အမေရိကန် ဒေါ်လာ သုညဒသမ ၀၃၄ သန်းတန်ဖိုး ရှိ သကြားဖြူ ၅၂ တန်ခွဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။
       မူဆယ်ကုန်စည်ဒိုင်မှာ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက် သီတင်းပတ်အတွင်း သကြားတစ်တန်ကို ၉၆၂၂၄၀ ကျပ်ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်သီတင်းပတ်တွင် ၉၈၆၇၀၀ ကျပ်သို့ ဈေးမြင့်တက်လာပြီး တစ် ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၅၂-၂၅၃ ယွမ်ဈေး ရရှိခဲ့တယ် လို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅၈ သန်း တန်ဖိုးရှိ Re-export သြ ကား ၅၁၉၇  တန် တင်သွင်းခဲ့ရာ ယခင်တစ် ပတ်က ၅၅၄၈ တန်ခွဲနဲ့ နှိုင်းယှဉ်ပါက ၃၅၁ တန်ခွဲ ပိုမိုတင်သွင်းလာခဲ့ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီ ၁၀ ရက်က သကြားတစ်ပိဿာကို ကျပ် ၁၄၂၀-၁၄၄၀ ဈေးရှိတယ် လို့ သတင်းရရှိပါတယ်။

 

မော်မော်အောင်