Main menu

Background

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကော်ဖီစေ့တင်ပို့

Wed, 06/07/2017 - 10:42 -- journal_editor

           မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ တစ်ဆင့် မေ ၂၀ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၃၁၇၅ တန်ဖိုးရှိ  ကော်ဖီစေ့ သုံးတန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကော်ဖီစေ့ တင်ပို့မှုမရှိဘဲ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှသာ ကော်ဖီစေ့ နှစ်တန်ကျော်ကို ထိုင်း နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ရွာငံဒေသထွက်  ကော်ဖီဟာ  အထူးတန်း ဝင်ကော်ဖီ အဖြစ်  ကမ္ဘာ့ကော်ဖီဈေးကွက်တွင် သတ်မှတ်ခံထားရပြီး ထိုင်း၊ မလေးရှားနဲ့  တရုတ်နိုင်ငံက ဝယ်ယူကြောင်း၊ ကမ္ဘာ့ ကော်ဖီဈေးကွက်တွင်  ဝယ်လိုအားအကောင်းဆုံးနဲ့ ဈေးအမြင့်ဆုံးရရှိတဲ့ ကော်ဖီအမျိုးအစားဖြစ်ေ ကြာင်း၊ ရွာငံမြို့နယ် အတွင်း ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းကို ၂၀၀၆-၂၀၀၇ ခုနှစ် က စိုက်ဧက ၄၀၀၀ ကျော်ဖြင့်  စတင်ခဲ့ပြီး ယခုအခါ စိုက်ဧက ၈၀၀၀ ခန့်ရှိလာကြောင်း ရွာငံမြို့နယ် ကော်ဖီအသင်းမှ သတင်းရရှိပါတယ်။

 

မော်မော်အောင်