Main menu

Background

ပင်လယ်ရေကြောင်းမှ ယခင်တစ်ပတ်ထက် ချင်းပိုမိုတင်ပို့

Mon, 06/12/2017 - 10:52 -- journal_editor

      မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၂၀၅  ဒသမ ၅တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူနိုင်ငံသို့ ၁၀၈ တန်၊ ဂျာမနီနိုင်ငံသို့ ၁၈ တန်နဲ့ ဘင်္ဂလားဒေ ရှ့်နိုင်ငံသို့ ၇၉ ဒသမ ၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်ကတင်ပို့ခဲ့တဲ့ ချင်း ၁၈၇ တန်ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၈ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၂၄၃ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ မေလအတွင်းချင်းတန်ချိန် ၁၁၂၂ ဒသမ ၄၉၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၈၈၉၁ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း(DOT)