Main menu

Background

မိုးရာသီကြောင့် ရှမ်းနနွင်းအဝင်ပါး

Tue, 06/13/2017 - 13:07 -- journal_editor

       ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာရော ဟိုပုံးဈေးကွက်မှာပါရှမ်းနနွင်း အဝင်နည်းသွားပါတယ်။ မိုးရာသီ ရောက်လာတာကြောင့်ရော ယခင်တစ်ပတ်က မုန်တိုင်းဝင်ခဲ့လို့ ရေကြီးတာ ကြောင့်ရောဝယ်လက်တွေ အဝယ်နည်း သွားခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်မှာ နနွင်း(ထိပ်စ) တွေကိုဝယ်လက်တွေက ပိုကြိုက်နှစ်သက်တာကြောင့် အခုနောက်ပိုင်းမှာ နနွင်းမျိုးကောင်း မျိုးသန့်ရွေးပြီးစိုက်ပျိုး လာကြတယ်လို့လည်း သိရှိရပါတယ်။ ဆင်တောင်နနွင်း ရယ်၊ ပင်းတယမြို့နယ်က တောင်ပို့လစ နနွင်းရယ်၊ ဟိုပုံး နနွင်းရယ်ကဈေးကွက်ဝင်ပေမယ့် ဒီနှစ်မှာ ပြည်ပပို့မယ့် ဝယ်လက်တွေက ဟိုပုံးနနွင်းကို အတန်အသင့် သာဝယ်ယူပြီး၊ ဆင်တောင်နဲ့ တောင်ပို့လစကို ပိုပြီး ဝယ်ယူကြ တယ်လို့လည်းသိရပါတယ်။
         အစောပိုင်းက အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေကို ပို့ခဲ့ပေမယ့်၊ လတ်တလောမှာတော့ အိန္ဒိယနိုင်ငံတစ်နိုင်ငံထဲကိုသာ တင်ပို့တာကြောင့်  ဝယ်ယူမှုလျော့သွားတယ် လို့ဆိုပါတယ်။ မူဆယ်ဝယ်လက်တွေကေ တာ့ တစ်ခါတစ်ရံမှသာ ဝယ်ယူမှုရှိပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ပေါက်ဈေးက အနိမ့်ဆုံး ကျပ် ၉၅၀ မှအမြင့်ဆုံးကျပ် ၃၀၀၀ ဈေးရှိတယ်လို့သိရှိရပါတယ်။

 

ဧဧခိုင်(တောင်ကြီး)