Main menu

Background

ရော်ဘာဈေးကျဆင်းသော်လည်း ပိုမိုတင်ပို့

Wed, 06/14/2017 - 10:32 -- journal_editor

     မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ ကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ရော်ဘာ ၃၀၉၂ တန်တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မ RSS 3 ၂၀၇၂ တန်ကျော်၊ RSS 5 ၁၁၈ တန်ခန့်နဲ့ MSR 20 ၄၄၇ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  RSS1 ၁၇တန်ကျော်၊ RSS 3 ၄၃၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မေလ တစ်လလုံးမှာ အမေရိ ကန်ဒေါ်လာ ၁၅ ဒသမ ၆၉၉ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၅၄ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဧပြီနဲ့ နှိုင်းယှဉ်ပါက ဧပြီက အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၆၅၀ တန်ေ ကျာ် တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၅၀၄ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်က ထုတ်ပြန်တဲ့ ရော်ဘာဈေးနှုန်းအရ RSS 3 တစ်တန်ကို ကျပ် ၂၀ ဒသမ ၁၅၉ သိန်းရှိပြီး ယခင်တစ်ပတ်ထက် တစ်တန်ကို ၁၀၀၈၀၇ ကျပ်ဈေးကျပါတယ်။ RSS 5 တစ်တန်ကိုကျပ် ၂၀ ဒသမ ၂၉၁သိန်းရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မေ ၂၈ ရက်မှ ဇွန် ၃ ရက်အထိကာလအတွင်း အေ မရိကန်ဒေါ်လာ ၁ ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ရော်ဘာ ၆၅၃ တန်ကျော် တင်ပို့ခဲ့ပြီး ကိုရီးယားနိုင်ငံသို့ MSR 20 TSR ၂၂၄ တန်ကျော်၊ မလေးရှား နိုင်ငံသို့ RSS 3 တန်ချိန် ၁၄၀ နဲ့ MSR 20 တန်ချိန် ၁၀၀၊ ဂျပန် နိုင်ငံသို့ MSR 20 ၁၅၁ တန်ကျော်နဲ့ RSS 1 ၃၈ တန်တင်ပို့ခဲ့ ပါတယ်။ မေလတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ၂၈၄၈ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးဧပြီလ တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ဧပြီလက အေ မရိကန်ဒေါ်လာ ၂ ဒသမ ၈၉၈ သန်းတန်ဖိုးရှိ ရော်ဘာ ၁၈၀၇ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် မေလမှာ ၁၀၄၁ တန်ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်နိုင်ငံရော်ဘာပေါက်ဈေးမှာ RSS တစ်တန် လျှင် ဒေါ်လာ ၁၆၀ ဈေးကျ၍ MSR တစ်တန်ဈေး အနည်း ငယ်ကျတဲ့အတွက် မြန်မာ့ရော်ဘာ FOB ဈေးကို တစ်တန် လျှင်ဒေါ်လာ ၂၅၀ နဲ့ RSS တစ်တန်လျှင် ဒေါ်လာ ၅၀ ဈေးချ ၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဈေးနှုန်း ထုတ်ပြန်ခဲ့ပါတယ်။

 

ယဉ်ယဉ်အေး