Main menu

Background

မူဆယ်မှ ရေထွက်ကုန်တန်ချိန်ရော တန်ဖိုးပါ လျော့နည်းတင်ပို့

Fri, 06/23/2017 - 10:35 -- journal_editor

       မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ  ၄၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၀၀၇ တန်ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၉၆၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၁၁၇၀ ကျော်တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အား ဖြင့် တန် ၁၆၀ ကျော် ၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုညဒသမ ၄၈၉ သန်း ေ လျာ့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့တဲ့ ပုစွန်၊ငါးခြောက်၊ ငါးပူတင်းအရေခွံခြောက်တို့ တင်ပို့ခဲ့ပေမယ့် အခြားရေထွက်ပစ္စည်းများ တင်ပို့မှု လျော့နည်းခြင်းကြောင့်  တန်ချိန်ရော တန်ဖိုးပါ လျော့ နည်းရခြင်းဖြစ်ကြောင်း၊  တစ် ဖက်နိုင်ငံ ဝယ်ဈေးမှာ ငါးရှဉ့်ရော ကဏန်းဈေးပါ ပြောင်းလဲမှု မရှိကြောင်းသိရပါတယ်။

 

မော်မော်အောင်