Main menu

Background

နယ်စပ်စခန်းစုံမှ ကြက်သွန်နီတင်ပို့

Tue, 06/27/2017 - 10:23 -- journal_editor

         ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည  ဒသမ ၁၆၈သန်း တန်ဖိုးရှိ ကြက်သွန်နီ  ၄၄၆ တန်ကို တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၇၅၀နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၃၀၄တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန် တင် ပို့ခဲ့ရာ ယခင်တစ်ပတ်ကလည်း မြဝတီမှ ၂၄ တန်တင်ပို့ခဲ့ပါတယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ် လာ ၁၀၄၃၇ တန်ဖိုးရှိ ကြက်သွန်နီ ၂၈ တန်နဲ့ အမေရိကန် ဒေါ်လာ ၇၄၀၀၀ တန်ဖိုး ရှိ ကြက်သွန်ဖြူ တန် ၅၀ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ ကြက် သွန်နီတင်ပို့မှုမရှိဘဲ ကြက်သွန်ဖြူ ၁၈၅ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ဘုရင့် နောင်ကုန်စည်ဒိုင်မှာ ဇွန် ၁၄ရက်က ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာ ၉၂၅ ကျပ် - ၁၂၅၀ ကျပ်ဈေးရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၈၅၀ ဈေးရှိ တယ်လို့ သိရပါတယ်။

 

မော်မော်အောင်