Main menu

Background

ကုန်သွယ်ရေးစခန်းများမှ သစ်သီးဝလံမျိုးစုံ တင်ပို့

Thu, 08/10/2017 - 13:39 -- journal_editor

        ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၂၁၇၁၆ တန်ဖိုးရှိ ဖရဲသီး ၂၂၈ တန်ကျော်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်မှ အမေရိကန် ဒေါ်လာ ၇၂၁၆ တန်ဖိုးရှိ နာနတ်သီး ၉၁ တန်ကို တရုတ်နိုင်ငံသို့လည်း ကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၅၀၉ တန်ဖိုးရှိ အာလူး ၁၀ တန်ကို ထိုင်းနိုင်ငံ သို့လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃၃၈၀ တန်ဖိုးရှိ ဒညင်းသီး ၁၃ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  လည်းကောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၉၉၀ တန်ဖိုးရှိ  ပန်းသီး ၁၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၇၆၉၃ တန်ဖိုးရှိ သရက်သီး ၁၅ တန်ကို အိန္ဒိယနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ ခဲ့ကြပါတယ်။

 

မော်မော်အောင်