Main menu

Background

တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဇူလိုင်လအတွင်း ပြောင်းတန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Fri, 08/11/2017 - 10:08 -- journal_editor

      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် စခန်းသုံးခုမှ ဇူလိုင်လ နောက်ဆုံးပတ်တွင် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈၃၈ သန်း တန်ဖိုး ရှိ ပြောင်း ၁၄၁၄၁ တန်ကျော်ကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ တန် ၁၃၀၅၀၊ လွယ်ဂျယ်မှ တန်၇၂၀ ကျော်နဲ့ ချင်း ရွှေဟော်မှ ၃၇၁ တန်ကျော် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီစခန်းစုံမှ ပြောင်း ၁၅၄၄၂ တန်ေ ကျာ် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ၁၃၀၁ တန် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ မူဆယ် ကုန်စည် ဒိုင်မှာ ဇူလိုင် တတိယပတ်က ပြောင်း တစ်တန်ကို ၂၇၃၈၁၀ ကျပ် ရှိရာမှ ဇူလိုင်နောက်ဆုံးပတ်မှာ ၂၇၄၃၅၄ ကျပ်သို့ ဈေး ထပ်မံမြင့် တက်ခဲ့ကြောင်း၊ မူဆယ်သို့ ပြောင်းကားစီးရေ ၆၄၀ စီးဝင်ရောက်ခဲ့ပြီး ပြောင်းတစ်ပိဿာ သယ်ယူခမှာ ၅၈ ကျပ်မှ ၅၉ ကျပ်ရှိ ကြောင်း၊ တစ်ဖက်နိုင်ငံ ဝယ်ဈေးမှာ ယွမ် ၁၅၀၀ ဖြစ်လို့ ယခင်တစ်ပတ်အတိုင်း ဈေးနှုန်း ပြောင်းလဲမှု မရှိေ ကြာင်း သိရပါတယ်။ ဇူလိုင်လ တစ်လလုံး တရုတ်နယ် စပ်ရှိ ကုန်သွယ်ရေးစခန်းလေးခုမှ ပြောင်း တန်ချိန်ခုနစ်သောင်းကျော်ကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ စခန်းများရဲ့စာရင်း များအရ သိရပါတယ်။

 

မော်မော်အောင်