Main menu

Background

မလေးရှားစားအုန်းဆီဈေး နှစ်ပတ်အတွင်း အကျိုးအမြတ်များရရှိမည်ဟုဆို

Wed, 08/16/2017 - 13:49 -- journal_editor

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် လာမည့်နှစ်ပတ်အတွင်း အကျိုးအမြတ်များ ကြီးမားစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ကာလများက အရှုံးပေါ်ခဲ့သည်များကို ပြန်လည်ထေမိစေမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ စားအုန်းဆီနှင့် ဆက်စပ်နေသည့် စားသုံးဆီ ဈေးကွက် ပိုမိုခိုင်မာအားကောင်းလာသည့် အတွက်ကြောင့် ဖြစ်ရကြောင်း စတားအွန်လိုင်းသတင်းတွင် သြဂုတ် ၈ ရက်က ဖော်ပြထားသည်။ ဘာဆာမလေး ရှားကုန်စည်ဒိုင်တွင် အောက်တိုဘာလအတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ဈေးပိတ်ချိန်တွင် နှစ်ရာခိုင်နှုန်း  မြင့်တက်ပြီး ၂၆၂၆ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၁၂ ဒသမ ၉၈) နှုန်းရှိခဲ့သည်။ အဆိုပါဈေးနှုန်းသည် ဇူလိုင် ၂၅ ရက်နောက်ပိုင်း ရရှိခဲ့သည့် အမြင့်ဆုံးဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက  စားအုန်းဆီဈေး သည် တစ်ရက်အတွင်း အနိမ့်ဆုံးဈေးအဖြစ် ၂၅၇၂ ရင်းဂစ်သို့ ကျဆင်းခဲ့သည်။ သြဂုတ် ၈ ရက် ညနေပိုင်းတွင်  ရောင်းချ ရမှုပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၄၁၄၇၃ရှိခဲ့သည်။
      "စားအုန်းဆီဈေးက ချီကာဂိုဈေးကွက်မှာရော ဒါလီယံ ဈေးကွက်မှာပါ အရောင်းအဝယ်ဖြစ်နေပါတယ်။ တချို့ကုန်သည်တွေက  ဈေးကွက်ထဲမှာ အရင်ကတည်းက ရောင်းပြီးသားဖြစ်နေပါတယ်"ဟု ကွာလာလမ်ပူရှိကုန်သည် တစ်ဦးက ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ပဲပုပ်ဆီရောင်းချရမှုမှ အမြတ်ရရှိမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။ "စားအုန်းဆီထုတ်လုပ်မှုက အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး လက်ကျန်တွေ လည်း နောက်လအနည်းငယ်အတွင်းမှာ မြင့်တက်လာလိမ့်မယ်လို့  မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အနာဂတ်ကာလမှာဖြစ်ပေါ်လာမယ့် ဝယ်လိုအားနဲ့ ရောင်းလိုအားက ဈေးကွက်ထဲမှာ အကောင်းဆုံးအနေအထားမှာ ရှိနေ မှာပါ"ဟု ၎င်းင်းကပြောကြားခဲ့သည်။
         စားအုန်းဆီ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူကုန်သည် များ၏သဘောထားကို ဇူလိုင်လအတွင်း ကောက်ယူခဲ့ရာ စားအုန်းဆီထုတ်လုပ်မှုပမာဏမှာ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပြီး တန်ချိန် ၁ ဒသမ ၆၈သန်းရှိခဲ့သည်။ သို့ေ သာ်ကုန်သည်များကမူ လေးရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး တန်ချိန် ၁ ဒသမ ၄၃ သန်းသာ ရှိခဲ့သည်ဟုဆိုသည်။ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလအတွက် ပဲပုပ်ဆီ ဈေးနှုန်းသည် အမြတ် ၁ ဒသမ ၄ ရာခိုင်နှုန်းရရှိချိန်တွင် ချီ ကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့၏ အောက်တိုဘာလအတွက် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးသည် သုည ဒသမ ၉ ရာ ခိုင်နှုန်း မြင့်တက်ခဲ့သည်။ စားအုန်းဆီနှင့်ဆက်စပ်နေသည့် အခြားသောစားသုံး ဆီဈေးကွက်တွင် ဇန်နဝါရီလ အတွက် စာချုပ်ချုပ်ဆိုဈေးများ မှာ သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

မယ်သီတာ