Main menu

Background

မန်း- မူဆယ် ကုန်တင်ခများ ဈေးနှုန်းကျဆင်းလာ

Fri, 08/18/2017 - 13:26 -- journal_editor

       မန္တလေးတိုင်းဒေသကြီး မန်းအခြေပြုကားဂိတ်ဖြစ်သည့် မန်း-လားရှိုး၊ မန်း-ကျောက်မဲ၊ မန်း-တောင်ကြီး၊ မန်း-မော်လ မြိုင်နှင့် မန်း-ရန်ကုန်ကားလိုင်းများ၏ ကားသယ်ခနှုန်းထားများ ဇူလိုင်လဆန်းပိုင်းက သိသာစွာပြောင်းလဲမှု မရှိသော်လည်း၊ ဇူလိုင်လလယ်မှစ၍ မန်း-မူဆယ် ကားလိုင်းတစ်လိုင်းသာ ဈေးနှုန်းကျဆင်းလာတာကိုတွေ့ရပါတယ်။ အတက်ကုန်၊အဆင်းကုန်နည်းပါးခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း အဝေးပြေးကုန်စည်ပို့ ဆောင်ေ ရးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှသိရပြီး သြဂုတ်လ ဒုတိယပတ်ထိ ဆက် လက်ကျဆင်းလျက်ရှိရာ ကုန်ကျစ်/ကုန်ပွတစ်ပိဿာလျှင် ရှစ်ကျပ်ခန့်ဈေးကျလာတာကို တွေ့ရှိရပါတယ်။ ဇူလိုင်လနှင့် သြဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ကားသယ်ခ နှုန်းထားများအား အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

 

တင်ဇာမျိုး (မန္တလေး)