Main menu

Background

ကုန်သွယ်ရေးစခန်းများမှ ကြက်သွန်နီ၊ကြက်သွန်ဖြူတင်ပို့

Thu, 08/24/2017 - 09:11 -- journal_editor

         မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်၅ရက် မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ လေးတန်ကိုတရုတ်နိုင်ငံသို့ လည်းကောင်း၊မြန်မာ-ထိုင်းနယ်စပ်ရှိမြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၂၂၁၇၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့သလို တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်းအမေရိကန်ဒေါ်လာ၂၉၄၀၀၀ တန်ဖိုးရှိ ကြက်သွန် ဖြူတန် ၂၀၀ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကြက်သွန်နီ ၁၆ တန်၊ တာချီလိတ်မှ ကြက်သွန်ဖြူ တန် ၁၅၀ နဲ့ တမူးမှ ကြက်သွန်ဖြူ သုံးတန်ကို အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ မူဆယ်နဲ့ မြဝတီမှာကြက်သွန်နီ တစ်တန်ကို လိုင်စင်ဈေး (ငွေလဲနှုန်းအရ) အမေရိကန်ဒေါ်လာ၇၀၀ကျော်ရှိပြီး တာချီလိတ်မှာ ကြက်သွန်ဖြူ တစ်တန်ကို တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၄၇၀ရှိ တယ်လို့ သိရပါတယ်။ 

 

မော်မော်အောင်