Main menu

Background

ပြည်ကြက်သွန်ဖြူ ယခင်နှစ်ထက် အဝင်ပိုများပြီး ဈေးကျလျက်ရှိ

Thu, 08/24/2017 - 09:14 -- journal_editor

         ယခုတစ်ပတ် ပြည်ပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ ဆက်တိုက် ဝင်ရောက် နေပြီး ယခင်နှစ်ကာလတူထက် ဈေးကျနေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလတူက ကြက်သွန်ဖြူဈေးဟာ တစ်ပိဿာပေါ်တွင် ယခုပေါက်ဈေး ထက် ကျပ် ၁၇၀၀ ပိုများခဲ့ပါတယ်။ တစ်လထက်တစ်လဈေးတွေထပ်ထပ် တက်လာခဲ့တာလည်းတွေ့ရ ပါတယ်။ ဒါပေမယ့် ပြည်စားဖိုဆောင်အရောင်းအဝယ်အဖွဲ့မှ ဈေးနှုန်းကိုထိန်းထား လျက်ရှိကြောင်းလည်းသိရပါတယ်။  ယခု တစ်ပတ် ပွဲရုံပေါက်ဈေးမှာ ကြက်သွန်ဖြူ တစ်ပိဿာလျှင်ရှမ်းစကျပ် ၃၅၀၀၊ ကြူကုတ်ကျပ် ၂၁၀၀ဖြစ်ပြီး ဒေသတွင်း လက်လီဈေးများတွင် ရှမ်းစကျပ် ၃၈၀၀မှ ကျပ် ၄၀၀၀ ဖြင့် ရောင်းချနေတာတွေ့ရပါတယ်။ အဝင်များပြီး အရောင်း အဝယ် အနည်းငယ်အေးလာတယ်လို့ သိရပါတယ်။ကြူကုတ်စ မှာ ကျပ်၂၅၀၀ဈေးသာရှိကြောင်း သိရပါတယ်။ တစ်ပတ်အတွင်း ပွဲရုံများတွင် အိတ် ၂၃၀ကျော်သာအရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

 

နီနီဝင်း