Main menu

Background

တရုတ်နယ်စပ်မှ သကြားလျော့နည်း တင်ပို့သလို ထိုင်းနယ်စပ်မှလည်း လျော့နည်းတင်သွင်း

Fri, 08/25/2017 - 11:11 -- journal_editor

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းသုံးခုမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၁၇၉ သန်းတန်ဖိုးရှိ Re -Export သကြား ၁၇၁၉၈ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၆၆၅၀ တန်ကျော်၊ လွယ် ဂျယ်မှ ၆၅ တန်နဲ့ ချင်းရွှေဟော်မှ ၄၈၃ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က အဆိုပါ စခန်းသုံးခုပေါင်းမှ ၁၈၅၁၃ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၃၁၄ တန်လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုရက်သတ္တပတ်အတွင်း သကြားတစ်တန်ဈေးကျပ် ၇၃၁၆၄၀ ဖြစ်ပြီး တစ်ဖက်နိုင်ငံဝယ်ေ ဈးမှာ ယွမ် ၃၆၄၀ ရှိတယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၇၀ သန်း တန်ဖိုးရှိ Re- Export သကြား တန်၁၄၀၀ကို ထိုင်း နိုင်ငံမှ တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့ ၂၂၅၅ တန်နဲ့ နှိုင်းယှဉ်ပါက ၈၅၅ တန်လျော့နည်းတင်သွင်း လာတာ တွေ့ရပါတယ်။

 

မော်မော်အောင်