Main menu

Background

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

Tue, 10/03/2017 - 15:14 -- journal_editor

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၄ သန်း တန်ဖိုးရှိ ကွမ်းသီး၄၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၆၉၂ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၂၀၀ လျော့နည်းခဲ့တယ်လို့သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ၁၈၅သန်းတန်ဖိုးရှိကွမ်းသီး၂၀၉ တန်၊ ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၂၈၃တန်ကို တင်ပို့ခဲ့ပါတယ်။
       တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၈သန်းတန်ဖိုးရှိ နန့်ဖာလုံကုန်စုံ၊ စီးကရက်၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့တို့ကို၄၇ တန်၊ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၆၆ သန်းတန်ဖိုး ရှိ ငရုတ်ကောင်း၊ မုန့်မျိုးစုံ၊ ပလတ်စတစ်အိတ်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို ၁၀၉ တန်တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ