Main menu

Background

တရုတ်နိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Tue, 10/03/2017 - 15:17 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၂၆၅ တန်ဖိုးရှိ လက်ဖက်ခြောက် ၅၂ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၁ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိဘဲ မူဆယ်မှ ၂၆ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာလက်ဖက်ခြောက် ွမနနည ွှနေ ကိုထိုင်း၊ တရုတ်နဲ့ ဂျပန်တို့တွင်ပြုလုပ်ခဲ့ သည့်ကုန်စည်ပြပွဲများတွင် သွားရောက်ပြသခဲ့ရာ အားပေးမှုများ ရရှိခဲ့ကြောင်း၊ မြန်မာ့ လက်ဖက်စိုက်ခင်းများအနေဖြင့် ဓာတုဆေးသုံးစွဲခြင်း၊ ပိုးသတ်ဆေးသုံးစွဲခြင်းတို့မရှိ တာကြောင့် သဘာဝအရသာလက်ဖက်ရည်စစ်စစ်ဖြစ်ခြင်းကြောင့် ဝယ်ယူသုံးစွဲ လျက်ရှိကြောင်း မြန်မာ့လက်ဖက်အသင်းအစုအဖွဲ့မှသိရပါတယ်။

 

မော်မော်အောင်