Main menu

Background

မူဆယ်မှ ပြောင်းပိုမိုတင်ပို့

Tue, 10/03/2017 - 15:24 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၀၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၃၅၆ တန်ကို တရုတ်နိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ တန် ၁၂၂၀၀၊ လွယ်ဂျယ် မှ ၁၆၇၅ တန်၊ ချင်းရွှေဟော်မှ ၂၂၃ တန်ခွဲနဲ့ ကန်ပိုက်တီမှ ၂၂၃ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ၁၀၃၇၈ တန် တင်ပို့ခဲ့လို့ ၃၉၇၇ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ကို ၃၁၇၇၁၉ ကျပ်ရှိရာမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက် သီတင်းပတ် အတွင်း ၃၁၀၅၂၁ ကျပ်သို့ ဈေးအန ည်းငယ်ကျဆင်းခဲ့ကြောင်း၊ မူဆယ်သို့ ပြောင်း ကားစီးရေ ၇၇၈ စီး ဝင်ရောက်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၂၄၆ စီး ပိုမိုခဲ့ကြောင်း တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၁၆၄၀ ရှိကြောင်း သိရပါတယ်။

 

မော်မော်အောင်