Main menu

Background

တရုတ်နိုင်ငံသို့ ပျားရည်တင်ပို့

Tue, 10/31/2017 - 17:48 -- journal_editor

         အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၀၅၀၀ တန်ဖိုးရှိ ပျားရည် ၁၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာလများတွင် ပျားရည်တင်ပို့မှုမရှိဘဲ ဇူလိုင် နောက်ဆုံးပတ်က တန် ၅၀ နီးပါးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းများကို တောင်ကြီး၊ အောင်ပန်း၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက် မဲနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း အများ ဆုံးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး  မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ ပျော်ဘွယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်များတွင် ပျားမွေးမြူရေး လုပ်ငန်းများ တွင် ကျယ်စွာလုပ်ကိုင်ကြပြီး ပျားမွေးမြူ ရေးဦးစီးဌာနမှလည်း ပုဂ္ဂလိက ပျားမွေးမြူလိုသူများကို ပျားအုံများရောင်း ချပေးကာ လိုအပ်တဲ့နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးကြောင်း ပျားမွေးမြူရေးဦးစီးဌာနမှ သိရပါ တယ်။

 

မော်မော်အောင်