Main menu

Background

မြန်မာနိုင်ငံမှ တင်ပို့သည့် ဖရဲသီး၊ သခွားသီးများအား တစ်ဖက်နိုင်ငံမှဝယ်လက်များက အခွန်ပေးဆောင်လျက်ရှိသဖြင့် မြန်မာ့ဖရဲတင်ပို့သူများ အကျိုးအမြတ်ရရှိနေ

Fri, 12/01/2017 - 12:52 -- journal_editor

       မြန်မာနိုင်ငံမှ တင်ပို့နေသည့် ဖရဲသီး၊ သခွားမွှေးသီးတင်ယာဉ်များ သည် ကျိန်စမ်းကျော့ နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ကွင်း အတွင်းသို့  ဝင်ရောက်ပြီး တရုတ် သစ်သီးတင်ယာဉ်များနှင့် ယာဉ်ချိန်း ပြောင်း တင်ဆောင်ရာတွင် တရုတ်အကောက်ခွန်ဌာနမှ ဖရဲသီးတစ်တန် လျှင်ယွမ် ၁၁၀၊ သခွားမွှေးသီးတစ်တန် လျှင်ယွမ်၁၆၀၊ ပိုးမွှားစစ်ဆေးရေးဌာနမှ မြန်မာကားတစ်စီးလျှင်ပိုးမွှားစစ် ဆေးရေးခအဖြစ်  ယွမ် ၁၀၀၊ ယာဉ် ပြောင်းအ လုပ်သမားခအနေဖြင့် ကား တစ်စီးလျှင် ဂျပ်ဖာထည့်အသီး ယွမ် ၅၀၊ ရိုးရိုးဝမ်းပုံအသီးယွမ် ၃၀၊ တရုတ် ပြည်တွင်းကုန်သည်အစား ဝယ်ယူပေး သောသစ်သီးကွင်း  အဝယ်တော်အား ပွဲခအနေဖြင့် ကားတစ်စီးလျှင်ယွမ် ၇၀၊ တရုတ်တွဲကား တစ်စီးသည် ဝမ်တိန် ကွင်းမှပြည်တွင်းသို့  ယာဉ်ပြောင်းသယ် ဆောင်ရာတွင်  ကားဘော်ဒီဘေးဘယ်  ညာအောက်အခင်းအတွက်  ကတ်ထူ အသုံးပြုပါက  ကတ်ထူဖိုးယွမ် ၃၆၀ နှင့် ကောက်ရိုးအသုံးပြုပါက ကောက် ရိုးဖိုး၂၆၄ ယွမ် နှုန်းထားများအတိုင်း ကုန်ကျမည်ဖြစ်ပြီး   ကုန်ကျစရိတ်  အားလုံးကို တရုတ်ကုန်သည်မှကျခံပေး ကြောင်း၊  ဝမ်တိန်ကွင်းဝင်းအတွင်း ကတ္တားတက်ခအနေဖြင့်  ယာဉ်သေး ၁၀ ယွမ်၊ ယာဉ်ကြီး ၁၅ ယွမ်ကိုသာ မြန်မာဘက်  ကားသမားက  ကျခံရ ကြောင်းနှင့် နိုဝင်ဘာလဆန်းမှ စတင် ကောက်ခံနေပြီဖြစ်ကြောင်း သစ်သီး ဝလံကုန်သည်   လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပါသည်။
       ဖရဲစိုက်တောင်သူများ အနေဖြင့် ဖရဲသီး  တစ်တန်လျှင် ကုန်ကျစရိတ် အနိမ့်ဈေး ၂၇၅၇၅၆ ကျပ် ဖြစ်ပြီးတစ် ဘက်နိုင်ငံဝယ်လက်ထံ ရောင်းချဈေး ဖရဲသီးတစ်တန်လျှင် အနိမ့်ဈေးယွမ် ၁၅၀၀၊ ကျပ် ၃၀၆၀၀၀ ရရှိသဖြင့် ဖရဲ သီး တစ်တန်လျှင် အမြတ်ငွေ ၃၀၂၄၄ ကျပ်ရရှိကြောင်း၊ ဖရဲသီးတစ်တန်လျှင် ကုန်ကျစရိတ်အမြင့်ဈေး ၂၉၄၁၁၆ ကျပ်ဖြစ်ပြီး  တစ်ဖက်နိုင်ငံဝယ်လက် ထံ ရောင်းချဈေး ဖရဲသီးတစ်တန် လျှင်အမြင့်ဈေးယွမ် ၃၃၀၀၊ ကျပ် ၆၇၃၂၀၀ ရရှိသဖြင့် ဖရဲသီးတစ်တန် လျှင် အမြတ်ငွေ ၃၇၉၀၈၄ ကျပ်ရရှိ ကြောင်း သိရှိရပါသည်။ ယခုနှစ် လက်ရှိအခြေအနေတွင် မြန်မာ့ဖရဲ တင်ပို့သူများအနေဖြင့် အမြတ်အစွန်းများ ရရှိနေပြီး တရုတ် နိုင်ငံ၊ ဝမ်တိန်ကွင်း တွင် ကောက်ခံနေ သော ကုန်ကျစရိတ်များကို တစ်ဘက် နိုင်ငံဝယ်လက်များမှ ကျခံနေကြောင်း သတင်းရရှိပါသည်။

 

ရာမညသားလေး