Main menu

Background

နနွင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာနှစ်သိန်းကျော် ဝင်ငွေရရှိခဲ့

Wed, 12/06/2017 - 10:39 -- journal_editor

      နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း (ရှမ်းစ) ၂၅၄တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၈၄ တန်၊ အိန္ဒိယနိုင်ငံသို့ ၁၄ တန်၊ ပါကစ္စတန်နို င်ငံသို့ ၂၇ တန်နဲ့ စင်ကာပူနိုင်ငံသို့ ၁၂၉တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ နနွင်းတန်ချိန် ၂၆၉ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ နနွင်း ၁၅ တန်ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နနွင်း တစ် တန်ကို အမေရိကန်ဒေါ်လာ၈၀၀-၈၃၅ ဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၂၂၅၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)