Main menu

Background

ရှမ်းချင်းအသစ်များဈေးကွက်သို့ ဝင်ရောက်

Wed, 12/06/2017 - 11:00 -- journal_editor

        ရှမ်းချင်းအသစ်တွေကတော့ ပုံမှန်ဝင်ရောက်လာပါပြီ။ အောင်ပန်းဈေးကွက်မှာတော့ ၅ရက်တစ်ဈေးကို ပိဿာချိန်သောင်းဂဏန်းခန့် ဝင်ရောက်နေပါတယ်။ ချင်း(ဥမ)ကတော့ အချို့ပွဲရုံတွေမှာ လက်ကျန်အနည်းငယ်သာ ရှိပါတော့တယ်။ အချို့ဝယ်လက်တွေက  ဥမကိုဝယ်ယူနေလို့လက်ကျန်တွေ ရောင်းရတယ်လို့သိရပါတယ်။ အခုလတ်တလောဈေးကွက် ကိုဝင်နေတဲ့ ရှမ်းချင်းအသစ်တွေကလည်းတောင်သူတွေကစိတ်ကြိုက်မဟုတ်ပေမယ့် ေ ဈးနှုန်းသင့်တင့်စွာရနေသလို အစိုအတိုင်းအရောင်းအဝယ်ဖြစ်နေလို့ ချင်းခြောက်ပြုလုပ် ခြင်းမရှိကြသေးပါဘူး။ ချင်းခြောက်ကလည်းအဝယ်မလိုက်လို့ ဈေးအနည်းငယ်ပြန်ကျလာတယ်လို့ ဈေးကွက်မှသိရှိရပါတယ်။
      ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ် တွေကထွက်တဲ့ချင်းတွေကအောင်ပန်းဈေးကွက်ကိုဝင်တာကြောင့် အောင်ပန်းဈေးကွက်ကနေပဲ မြန်မာပြည်အနှံ့စီးဆင်းပါတယ်။ တောင်ကြီးအရှေ့ဘက်ခြမ်းဖြစ်တဲ့  ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်ကထွက်တဲ့ ချင်းတွေကတော့ ဟိုပုံးဈေးကွက် မှာစုပြီး ဟဲဟိုးမြို့နယ်တစ်ဝိုက်ကထွက်တဲ့ ချင်းတွေကတော့ ဟဲဟိုးဈေးကွက်မှတစ်ဆင့်ပြန်ပြီးစီးဆင်းကြပါတယ်။ လောလောဆယ်မှာတော့ အောင် ပန်းဈေးကွက်မှာ တစ်ပတ်အတွင်း ချင်းပိဿာချိန်ပေါင်း ၁ ဒသမ ၃၅ သိန်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းဝယ်လက်တွေကသာ ဝယ်ယူမှုရှိနေတယ်လို့လည်းသိရပါတယ်။ တောင်ကြီးအရှေ့ ဘက်ခြမ်းမှာ စိုက်တဲ့ချင်းေ တွက  အောင်ပန်းချင်းထက် နောက်ကျမှဈေးကွက်ကိုဝင်ပါတယ်။ ဒီလကုန်မှသာဈေး ကွက်ကို ဝင်လာနိုင်မယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းတစ်ပိဿာ ပေါက်ဈေးကအနိမ့်ဆုံးကျပ် ၃၀၀ မှ အမြင့်ဆုံးကျပ် ၄၀၀ရှိပြီး ချင်းခြောက်ကတော့ကျပ် ၁၀၀ မှကျပ် ၁၁၀၀ ဈေးရှိပါတယ်။

 

ဧဧခိုင်(တောင်ကြီး)