Main menu

Background

ဒီတစ်ပတ် ဘိလပ်မြေအဝင်လျော့

Wed, 12/06/2017 - 11:32 -- journal_editor

      နိုဝင်ဘာလ ၁၉ ရက်မှ ၂၅ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၉၆၀တန်ဖိုးရှိ  ဘိလပ်မြေ၂၀၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ  တန်ချိန် ၂၀၀နဲ့ တရုတ်နိုင်ငံမှ ၃ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့  ဘိလပ်မြေ တန်ချိန်၂၁၂၄၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်၂၀၀၀၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့တယ်လို့သိရပါတယ်။ နို၀ င်ဘာလ ၁၈ ရက်မှ၂၄ရက်အထိ   သီတင်းပတ်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန် ၆၆၀၀ ကျော်ရှိပြီး ယခင်သီတင်းပတ်က  ဘိလပ်မြေအဝင် မှာ တန်ချိန် ၅၆၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၉၉၀ ေ ကျာ် အဝင်ပို ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ရေကြောင်းလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှအဝင်ပိုခဲ့ပါတယ်။

 

သီတာဝင်း (DOT)