Main menu

Background

မူဆယ်ရော ချင်းရွှေဟော်မှပါ နှမ်းပိုမိုတင်ပို့

Fri, 12/15/2017 - 10:42 -- journal_editor

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၇၆၆ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၅၇၄၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက်တင်ပို့မှုမှာ မူဆယ်မှနှမ်းနက်  ၁၅၁ တန်ခွဲ၊ နှမ်းဖြူ (အခွံချွတ်) တန် ၄၀ စုစုပေါင်းတန်ချိန် ၁၉၁ တန်ခွဲ တင်ပို့ခဲ့ တာကြောင့် ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၉၄ တန်နဲ့ နှိုင်း ယှဉ်ပါက ၉၇ တန်ခွဲ ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ သီတင်းပတ်အတွင်း နှမ်းဖြူတစ်တန်လျှင် ၁၄၀၆၉၅၃ ကျပ်၊ နှမ်းနက်တစ် တန်လျှင် ၂၂၂၄၉၄၉ ကျပ်ဈေးရှိကြောင်း၊ နိုဝင် ဘာလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့နှမ်းတန်ချိန် တစ်ထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။
        အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှလည်း အဆိုပါသီတင်းပတ်အတွင်း နှမ်းနက် ၄၅၉၂ တန်ကျော်၊ နှမ်းညို ၃၀၄ တန်၊ နှမ်းညို (အခွံချွတ်) ၃၄၃ တန်ခွဲ၊ နှမ်းဖြူ ၃၀၂ တန်ကျော်နဲ့ နှမ်းဖြူ (အခွံချွတ်) ၇၂ တန် စုစုပေါင်း တန်ချိန် ၅၅၅၀ ကျော်တင်ပို့ခဲ့လို့ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၂၂၂၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၃၂၉ တန် ပိုမိုတင် ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်မှ နိုဝင်ဘာလတစ်လလုံး နှမ်း ရောင်စုံ တန်ချိန် ၁၅၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ မြန်မာ-ထိုင်း  နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၄၀၂၀ တန်ဖိုးရှိ နှမ်းနက်၂၈ တန်ကျော်တင်ပို့ခဲ့ပြီး နိုဝင်ဘာလအတွင်း ထိုင်း နိုင်ငံသို့ နှမ်းနက် ၈၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်