Main menu

Background

ဒီတစ်ပတ် ဘိလပ်မြေအဝင်လျော့

Fri, 12/15/2017 - 10:58 -- journal_editor

        နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၃၄၃၃၀ တန်ဖိုးရှိ   ထိုင်းနိုင်ငံမှ  ဘိလပ်မြေ ၁၇၅ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၂၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေ ၂၅ တန်ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလအတွင်း ဘိလပ်ေြ မ တင်သွင်းမှုမှာ တန်ချိန် ၁၅၀၀ ကျော် ရှိခဲ့ပြီး နိုဝင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် ၂၂၂၀၀ကျော်ရှိတာ ကြောင့် နိုဝင်ဘာလမှာ ဘိလပ်မြေ တန်ချိန်၂၀၀၀၀ ကျော်ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နိုဝင် ဘာလ၂၅ရက်မှဒီဇင်ဘာ ၁ရက်အထိ သီတင်းပတ်အတွင်း နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာတန်ချိန် ၅၉၀၀ ကျော်ရှိပြီး  ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၆၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၆၉၀ ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ် ရေကြောင်းလမ်း ရော နယ်စပ်လမ်းမှပါ အဝင်လျော့ခဲ့ပါတယ်။

 

သီတာဝင်း (DOT)