Main menu

Background

ရေလမ်းမှ မြေသြဇာတန်ချိန် ၈၀၀၀ ကျော်ဝင်

Fri, 12/15/2017 - 11:00 -- journal_editor

      နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂၆၆၃၃၁၇တန်ဖိုးရှိ မြေသြဇာ ၈၆၃၄ ဒသမ ၇၁ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဂျာမနီနို င်ငံမှ တန်ချိန် ၂၀၀၀၊ အီရန်နိုင်ငံမှ ၁၀၀၃ ဒသမ ၄၅ တန်၊ ကိုရီးယားနိုင်ငံမှ ၄၇၆ ဒသမ ၄၀ တန်၊ နော်ဝေနိုင်ငံမှ ၉၈ ဒသမ ၅၄ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၀၅၀ တန်၊ ရုရှားနိုင်ငံမှ  ၃၄၉၀ ဒသမ ၆၀ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၁၅ဒသမ ၇၂တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ဒီတစ်ပတ်မှာကွန်ပေါင်း ၁၅း၁၅း၁၅၊ ယူရီးယား၊ နိုက်တြိုဂျင်၊ အာမို၁၆း၁၆း၈၊ ကွန်ပေါင်း ၁၆း၁၆း၂၀၊ ကွန်ပေါင်း ၂၁းရး၁၈ နဲ့ ဖလော်ရာ မြေသြဇာတို့တင်သွင်းခဲ့ တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန်၂၃၀၇၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာတန်ချိန် ၁၄၄၂၀ ကျော် တင်သွင်းမှု လျော့နည်း ခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)