Main menu

Background

ပြည်တွင်းသို့ ဆိုင်ကယ်များတင်သွင်းမှုကျဆင်း

Fri, 12/15/2017 - 11:12 -- journal_editor

        ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၉၆ သန်းတန်ဖိုးရှိ ဆိုင်ကယ် မျိုးစုံ ၇၃၅၉ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆၀၀၄ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၄၅ စီး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေး စခန်းမှ ပိုမိုတင်သွင်းခဲ့သော်လည်း မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီကုန်သွယ်ရေးဇုန်တို့မှ လျော့နည်းတင်သွင်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၂ ဒသမ ၂၂၇သန်းတန်ဖိုးရှိဆိုင်ကယ် မျိုးစုံ ၆၆၁၆ စီး၊ ကော့သောင်းကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၀ စီး၊ တမူးကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်း တန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၂၄ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၀၉ စီးကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါ တယ်။

 

ခင်မိုးသူ