Main menu

Background

ကုန်သွယ်ရေး စခန်းများမှ နိုဝင်ဘာလအတွင်း ရော်ဘာပိုမိုတင်ပို့

Fri, 12/15/2017 - 11:20 -- journal_editor

      နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၃ သန်းတန်ဖိုးရှိ ရော်ဘာ ၁၆၅၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ RSS 3 အမျိုးအစား ၃၄ တန်ခန့်၊ RSS 5 အမျိုးအစား ၄၄၈ တန်ကျော်၊MSR 20 အမျိုးအစား ၁၇ တန် ကျော်၊RSS 1 အမျိုးအစား ၁၇၁ တန်ကျော်တင်ပို့ပြီး ချင်းရွှေဟော် ကုန် သွ ယ်ရေး စခန်းမှ RSS 3 အမျိုးအစား ၂၂၅ တန်၊ RSS 5 အမျိုးအစား ၅၆၇ တန်ခန့်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ RSS 3  အမျိုး အစားတန်ချိန် ၇၀ ကျော် တင်ပို့ခဲ့ပါတယ်။  မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ  ရော်ဘာစေးတန်ချိန် ၁၂၀ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ၂၂၁၂ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ  ရော်ဘာတင်ပို့မှု ၅၅၉ တန် လျော့ကျခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေး မှာ RSS 3 အမျိုးအစား တစ်တန်လျှင် ကျပ် ၂၀ ဒသမ ၂၀၄ သိန်းရှိပြီး ယခင် တစ်ပတ်ထက်တစ်တန်ကို ၄၁၂၃ ကျပ် ဈေးတက်ကြောင်း သိရပါတယ်။
         ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာတစ်လလုံးမှာ ရော်ဘာ ၈၅၃၄ တန်ကျော် တင်ပို့ပြီး ရော်ဘာတင်ပို့မှုကြောင့်ရတဲ့ ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၉ ဒမသ ၉၀၂ သန်းဖြစ်ပါတယ်။ အနီးစပ်ဆုံးအောက်တိုဘာလက ရော် ဘာအဆင့်စုံ ၅၁၆၁ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် နိုဝင်ဘာလမှာ ရော်ဘာ ၃၃၇၃ တန်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကာလအတွင်း အမေရိ ကန်ဒေါ်လာ သုည ဒသမ ၆၇၆ သန်းတန်ဖိုးရှိ ရော်ဘာ ၄၈၆ တန်ကျော်ကို တင်ပို့ပြီး မလေးရှားနိုင်ငံသို့ RSS 3 အမျိုးအစား တန်ချိန် ၂၀၀ နဲ့ Synthetic Rubber (99% RSS-3-1%) အမျိုးအစားတန်ချိန် ၁၀၀၊ ဂျပန်နိုင်ငံသို့ MSR 20 အမျိုးအစား ၉၈ တန်၊ ကိုရီးယားနိုင်ငံသို့ TSR 20 အမျိုးအစား ၈၈ တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ရော်ဘာ ၁၅၈ တန် တင်ပို့တဲ့အတွက် ယခု တစ်ပတ်မှာ ၃၂၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        နိုဝင်ဘာတစ်လလုံးမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၀၇ သန်း တန်ဖိုးရှိ ရော်ဘာ ၁၀၆၃ တန်ကျော်တင်ပို့ခဲ့ရာ အနီးစပ်ဆုံး အောက်တိုဘာလက ၁၈၇၂ တန်တင်ပို့ခဲ့တဲ့အတွက် နိုဝင် ဘာလမှာ ၈၀၉ တန် လျော့ကျခဲ့ပါတယ်။ ယခုတစ်ပတ် နိုင်ငံတကာရော်ဘာဈေးမှာ အနည်းငယ်သာ အပြောင်း အလဲရှိတဲ့အတွက် ပြည်ပပို့မယ့် မြန်မာ့ရော်ဘာဈေးကိုလည်း မပြောင်းလဲဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းြ ဖစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယဉ်ယဉ်အေး