Main menu

Background

ကုန်သွယ်ရေးစခန်းများနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ ပိုမိုတင်ပို့

Thu, 12/28/2017 - 11:31 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ -ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၅၃၅၃ တန် တင်ပို့ခဲ့ ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာ RSS1 ၃၄၆ တန်ကျော်၊ RSS3 ၁၃၃၁ တန်နီးပါး၊ RSS5 ၉၇၇ တန် ခန့်နဲ့ MSR 20 ၁၇၅၄တန်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ RSS 3 ၂၉၆ တန်၊ RSS 5 ၅၄၉ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်ရှိ မြိတ်ကုန်သွယ် ရေးစခန်းမှ MSR 20 တန်ချိန် ၁၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်ရေး စခန်းများမှ ရော်ဘာ ၄၇၄၆ တန် တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၆၀၇ တန် ပိုမိုတ င်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်ကုန်စည် ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာ တစ်တန် လျှင် ကျပ်၂၀ ဒသမ၂၁၆ သိန်းရှိပြီး ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းလဲ ကြောင်း သိရပါတယ်။
           ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၂၅ သန်း တန်ဖိုးရှိ ရော်ဘာ ၈၀၈ တန်ကျော်ကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ Mixtures of Natural Rubber and Synthetic Rubber ၁၀၅ တန်၊MSR 20 ၂၀၂ တန်ခန့်၊ RSS3 တန်ချိန် ၃၀၀၊ တရုတ်နိုင်ငံသို့ MSR 10 ၂၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ရော်ဘာ ၃၇၉ တန် တင်ပို့ ခဲ့တဲ့အတွက် ယခုတ စ်ပတ်မှာ ၄၂၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် နိုင်ငံတကာရော်ဘာ ပေါက်ဈေး အတက်အကျ အနည်းငယ်သာရှိတဲ့အတွက် ပြည်ပပို့မယ့် ရော်ဘာ FOB ဈေးကိုလည်း ယခင်တစ်ပတ်အတိုင်း မပြောင်းလဲဘဲ ထုတ်ပြန် ထားကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများအသင်းမှ သိရပါတယ်။

 

ယဉ်ယဉ်အေး