Main menu

Background

ဈေးကွက်သစ်ဖြစ်သော ချီလီနိုင်ငံသို့ပင်လယ်ရေကြောင်းမှဆန်တင်ပို့ခဲ့

Fri, 02/09/2018 - 11:37 -- journal_editor

        ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ   ကုန်သွယ်ရေးစခန်း များမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၇၁ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၄၅၅၁၈ တန်  တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ ဧည့်မထဆန် ၃၀၀၄၆ တန်နဲ့   ကောက်ညှင်းဆန်တန် ၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၁၄၀၉၉ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်တန်ချိန် ၄၀၊ မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၁၅၅ တန်တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ရေး စခန်း များရဲ့ ယခင်တစ်ပတ်ဆန်တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက   ယခုတစ် ပတ်မှာ တန်ချိန် ၈၀၁၀ လျော့နည်းခဲ့တာတွေ့ရပါတယ်။
         ယခုတစ်ပတ်မှာ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၉၅၈ သန်းတန်ဖိုးရှိ ဆန်ကွဲ ၃၂၀၂ တန် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန် ကွဲတန်ချိန် ၁၆၉၀နဲ့  လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ ၁၅၁၂ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်နဲ့ လွယ်ဂျယ်မှ ဆန်ကွဲတန်ချိန် ၂၆၃၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၇၂တန်ပိုမိုတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၁ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန်တန်ချိန် ၆၂၉၀ တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်ဆန်တင်ပို့မှုများမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၁၀၀၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၃၇၀၊ ဗီယက်နမ် နိုင်ငံသို့ ဧည့်မထဆန် ၃၇၅ တန်၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန် ၃၇၅ တန်နဲ့ ငစိန်ဆန် တန်ချိန် ၂၅၀၊ တရုတ်နဲ့စင်ကာပူနိုင်ငံသို့  ငစိန်ဆန်တန်ချိန် ၅၀ စီ၊ မက်ဒါဂါစကားနိုင်ငံသို့  ဧည့်မထဆန်တန်ချိန် ၁၀၃၀၊ ဈေးကွက်သစ်ဖြစ်တဲ့  ချီလီနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၅၀၀၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၄၂၅ တန်၊ ဧည့်မထဆန် ၁၁၁၅ တန်နဲ့   ငစိန်ဆန်တန်ချိန် ၅၀၀၊   အင်ဒိုရာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၂၅၀တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့ မှုနဲ့နှိုင်းယှဉ်ပါက ယခုတစ် ပတ်မှာ ၁၅၀၇၁ တန်လျော့ကျခဲ့ပါတယ်။
            ယခုတစ်ပတ် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၈၈၁ သန်းတန်ဖိုးရှိ   ဆန်ကွဲတန်ချိန် ၁၀၅၂၀ တင်ပို့ခဲ့ရာ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅၀၊ သီရိ လင်္ကာနိုင်ငံသို့ ၇၅ တန်၊ အင်ဒိုရာနိုင်ငံသို့   ၁၂၅ တန်နဲ့  အီးယူနိုင်ငံများသို့ ဆန်ကွဲ တန်ချိန်၉၇၇၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်း ယှဉ်ပါက ယခုတစ်ပတ်မှာ ၅၄၄၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကုန်သွယ်ရေးစခန်းများနဲ့  ပင်လယ် ရေကြောင်းမှ ဆန်တင်ပို့မှုလျော့နည်းပြီး ဆန်ကွဲတင်ပု့ိမှုပိုမို ခဲ့ပါတယ်။ ဒါ့အပြင်  ဧည့်မထဆန်တန်ချိန်   ၅၀၀ ကိုလည်း ဈေးကွက်သစ်ဖြစ်တဲ့ချီလီနိုင်ငံသို့တင်ပို့နိုင်ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

 

ယဉ်ယဉ်အေး