Main menu

Background

ဒီတစ်ပတ်ရေလမ်းမှ အဝင်လျော့ပြီး နယ်စပ်လမ်းမှအဝင်ပို

Fri, 02/09/2018 - 12:20 -- journal_editor

          ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၅၅၁၅တန်ဖိုးရှိ ဘိလပ်မြေ ၉၆၂ ဒသမ ၉၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင် ငံမှ  ၂၉၀ ဒသမ ၉၆၇ တန်နဲ့ ယူအေအီးနိုင်ငံမှ ၆၇၂ တန် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊တီပီအိုင်နဲ့ အခြားတံဆိပ်များလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၇၄၂၀ ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဘိလပ်မြေတန်ချိန် ၆၄၅၀ ကျော် တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီ ၂၀ရက်မှ ၂၆ ရက်အထိ  သီတင်းပတ်အတွင်း နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာတန်ချိန် ၁၂၄၄၀ ကျော်ရှိပြီး  ယခင်သီတင်းပတ်က ဘိလပ်မြေ အဝင်မှာတန်ချိန် ၅၄၅၀  ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၆၉၉၀ ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်  ဒီတစ် ပတ် ရေကြောင်းလမ်းမှ အဝင် လျော့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။

 

သီတာဝင်း (DOT)