Main menu

Background

အနာဂတ်တွင် ပေါ်ထွက်လာမည့်ကားသစ်များကိုထုတ်လုပ်ရန် တောင်ကိုရီးယားက ဝမ် ၃၅ ထရီလီယံမြှုပ်နှံမည်

Fri, 02/09/2018 - 12:36 -- journal_editor

         လျင်မြန်စွာ ပြောင်းလဲလျက်ရှိသော မော်တော်ကားဈေးကွက် အတွက် ဖွံ့ဖြိုးအင်ဂျင်သစ်တစ်ခု ပေါ်ထွန်းလာစေရေးအတွက် တောင်ကိုရီးယားနိုင်ငံက လျှပ်စစ်ကား၊ မောင်းသူမဲ့ကားနှင့် အနာ ဂတ်တွင်ပေါ်လာမည့် အခြားမော်တော်ကားများ ထုတ်လုပ်ရေး အတွက် ၂၀၂၂ ခုနှစ်အထိ ဝမ် ၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄ ဘီလီယံ) ကို ရင်းနှီးမြှုပ်နှံသွားမည်ဟု ဖေဖော်ဝါရီ ၂ ရက်က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက  ပြောေ ကြာင်း yonhapnews သတင်းတွင် ဖော်ပြသည်။ စီးပွားရေးလုပ်ငန်း များ၊ သုတေသနသိပ္ပံနှင့် ကောလိပ်များမှ မော်တော်ကားလုပ်ငန်း ကျွမ်းကျင်သူ ၅၀ ခန့်နှင့် ကျင်းပသော နှီး နှောဖလှယ်ပွဲတွင် ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် မြေယာ၊ အခြေခံအဆောက်အဦနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတို့က အနာ ဂတ်ယာဉ်များ ထုတ်လုပ်ရေးနှင့် မောင်း သူမဲ့ယာဉ်များကို အထောက်အကူပေးမည့် အဆင့်မြင့်ဆက်သွယ် ရေးစနစ်  ထူထောင်ရန်ကိစ္စရပ်များ တင်ပြခဲ့ကြောင်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန၏  ကြေညာချက်တွင် ဖော်ပြသည်။
         "လျှပ်စစ်မော်တော်ကားခေတ်"ကို ဖွင့်လှစ်ရန်ကြိုးပမ်းဆောင် ရွက်ရာ၌ အစိုးရသည်ဟွန်ဒိုင်းမော်တာဂရုအပါအဝင် စီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုအရ လျှပ်စစ်ဓာတ်အား တစ်ခါသွင်း လျှင် ကီလိုမီတာ ၅၀၀ အထိသွားနိုင်သော လျှပ်စစ်ဓာတ်အားသုံး မော်တော်ကားကို ထုတ်လုပ်ရန်နှင့် ၂၀၂၂ ခုနှစ်တွင် လျင်မြန်စွာဓာတ်အားဖြည့်သွင်းနိုင်သော လျှပ်စစ်ဓာတ်အားဖြည့် စခန်း ၁၀၀၀၀ ကျော်ကို တည်ဆောက်သွားမည်ဖြစ်သည်။ လျှပ်စစ်ကားများမှာ တန်ဖိုးကြီးမားသည့်အတွက် ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ကားဝယ်ယူသူတိုင်းကို ထောက်ပံ့ကြေးပေးသွား မည်ဖြစ်ကြောင်း အစိုးရကပြောသည်။မောင်းသူ မဲ့နည်းပညာဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်နိုင်ရေး အတွက် အစိုးရသည် ယခုနှစ်တွင် ကမ္ဘာ့အ ဆင့်မီ စမ်းသပ်ရေးကွင်း အဖြစ် K-City ဟုခေါ်သော နေရာတစ်ခုကို တည်ဆောက်သွား မည်ဖြစ်သည်။ မြို့တော်၏ အကျယ် အဝန်းမှာ စတုရန်းမီတာ ၃၂၀၀၀၀ ကျယ်ဝန်းမည်ဖြစ်ပြီး အဝေးပြေးလမ်းမကြီး၊ မြို့တွင်းပိုင်း နေရာများ၊ ဆင်ခြေဖုံးနေရာများ၊ ကားရပ်ရန်နေရာများနှင့် လူနေ ဒေသများပါဝင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

 

ဉာဏ်တင်