
ဇူလိုင် ၇ ရက် မှ ၁၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့်တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၇၂ သန်းတန်ဖိုးရှိ သကြား ၃၈၃၈၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့မှု အနေနဲ့ re-export သကြား ၃၅၅၄၃ တန်ကျော်နဲ့ (ရိုးရိုး) သကြားတန် ၂၈၄၀ ဖြစ် ပါတယ်။ ယခင်တစ်ပတ်က ၂၂၃၃၄ တန်ကျော်သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ၁၆၀၄၉ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က သကြားတစ်တန်လျှင် ကျပ် ၉၀၄၈၀၀ ဈေးရှိရာမှ ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိ ရက်သတ္တပတ်အတွင်း ယွမ် ၉၁၁၉၅၀ ဈေးသို့လည်းကောင်း၊ တစ်ဖက်နိုင်ငံဈေးအနေဖြင့် ၄၃၂၅ ယွမ်မှ ၄၃၃၇ ယွမ်သို့လည်းကောင်း ဈေးမြင့်တက်ခဲ့ပါတယ်။
မော်မော်အောင်