Main menu

Background

ပြည်ဈေးကွက်တွင် မိုးနှမ်းပေါ်စဈေးပြန်အေးသွား

Wed, 09/18/2019 - 10:47 -- journal_editor

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ ၈၂၁၆၈ ဧကရှိပြီး ၃၃၇၄၈ ဧကသာ ရိတ်သိမ်းပြီးစီးသည်ကို တွေ့ရသည်။  အထွက် နှုန်းမှာတစ်ဧကလျှင် ၁၀ ဒသမ ၀၁ တင်းထွက်ရှိသည်။ မိုးနှမ်းတစ်ဧက ကုန်ကျ စရိတ်အနေဖြင့် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၆၈၀၀၀ ဖြစ်၍ တောင်သူများအနေဖြင့် ယခုပေါက်ဈေးနှင့်ဆိုလျှင် အကျိုးအမြတ်များရှိနိုင်မည်ဟု ခန့်မှန်းရသည်။   ပြည်၊ အောင်လံကြားကျေးရွာများမှ မိုးနှမ်းအသစ်များကို တစ်နေ့ လျှင် အိတ် ၁၀၀ လောက် ဝင်ရောက်မှုရှိနေသည်။ ယခုတစ်ပတ်နှမ်း ဈေးများမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၄၇၀၀၀၊ နှမ်းနက်တစ်တင်းလျှင်ကျပ် ၇၀၀၀၀ရှိပြီး စမုံနက်နှမ်းမှာတစ်တင်းလျှင် ကျပ် ၈၃၀၀၀ဈေးဖြစ်ပြီးအရောင်း အဝယ် ပုံမှန်ဖြစ်နေသည်။

 

ဝေေ၀မင်း(ပြည်)