Main menu

Background

ငမြှောင်တောင်ပိုး ကျရောက်မှုမရှိသောကြောင့် ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း

Thu, 09/26/2019 - 13:21 -- journal_editor

     မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ငမြှောင် တောင်ပိုးကျရောက်မှုမရှိသောကြောင့် ဖူးစားပြောင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ဖူးစားပြောင်းကို  သီးညှပ်အဖြစ်လည်းကောင်း၊ သီးသန့်အဖြစ် လည်းကောင်း စိုက်ပျိုးကြကြောင်း ပြောင်းဖူး ကို သွားရေစာဈေးကွက်သို့ရောင်းချပြီး ဖူးစားပြောင်းအပင်ကို နွားစာအဖြစ် ကျွေးမွေးရန်အတွက်  စိုက်ကြ ကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်တွင်  လက်ရှိစိုက်ပျိုးရေးအခြေ အနေအားရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးအား  မေးမြန်းရာ 'ကျွန်တော်တို့အုပ်စုမှာမိုးသီးနှံ တွေဖြစ်တဲ့ မြေပဲ၊ ဝါ၊  ဖူးစားပြောင်းတွေ  စိမ်းစိုစိုပါပဲ။ အောင်မြင်ဖြစ်ထွန်းနေပါတယ်'ဟု ပြောသည်။
   ' အားသာချက်ကတော့  ငမြှောင်တောင်ပိုး ကျရောက်မှု မရှိဘူးလေ။ ဒါကြောင့် ပြောင်းတွေ ကောင်း တယ်။ ဖူးစားပြောင်းစောစောစိုက်သည့်  တောင်သူတွေ လက်ရှိရောင်းနေကြပြီ။ ပြောင်းဖူးဈေးကလည်းကောင်း တဲ့အ တွက် ဝင်ငွေရတယ် ' ဟု  တောင်သူဦးသန်းထွန်းက ပြောသည်။  ရေနံချောင်းမြို့နယ်တွင် မိုးနှင့်ဆောင်း၌ ဖူးစားပြောင်းဧက ၈၅၀၀ကျော်စိုက်ပျိုးလျာထားဆောင် ရွက်လျက်ရှိကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်း အရ သိရသည်။

 

ဆန်းညွန့် (ရေနံချောင်း)